Showing posts with label River. Show all posts
ချင်းတွင်းအလှ မခံစားရသူများ
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Sunday, February 16, 2014
မြစ်ကမ်းအနီး တောတွေထဲက ဝါးခုတ်၊ ဖောင်ဖွဲ့ပြီး ဖောင်ပေါ်မှာပဲ အိပ်၊ ဖောင်ပေါ်မှာပဲ စားရင်းနဲ့ မြို့ကြီးပြကြီး တွေကို ဝါးသွားရောင်းကြသူများပါ။ ဖောင်ပေါ်မှာ မီးဖိုတင်ပြီး ချက်ပြုတ် စားသောက်ရင်းနဲ့ ဝါးပို့ရမယ့် မြို့ကြီးတွေအထိ နေ့ရက်ပေါင်း များစွာကို ခရီးနှင်ကြရသူတွေပေါ့။
ချင်းတွင်းသားတွေကတော့ ခေတ်မီမှမီ။ မော်တော်ပေါ်မှာတောင် စကိုင်းနက် တပ်ပြီး မြစ်တစ်လျှောက် ဈေးသင်္ဘောနဲ့ ဈေးရောင်းကြတာပါ။ မြစ်တစ်လျှောက် ပေါများလှတဲ့ ရွာတွေကို ဈေးသင်္ဘောကြီးက တစ်ရွာဝင် တစ်ရွာထွက် ဈေးရောင်းရင်းနဲ့ မြစ်ထဲမှာပဲ စီးပွားရှာနေသူများပါ။
မြစ်ထဲမှာ နေ့စဉ် အစင်းရေပေါင်း များစွာ သွားလာနေတဲ့ လူစီး မော်တော်တွေကို လှေကလေးတွေနဲ့ လိုက်ပြီး ကြက်သားကြော်၊ အရက်၊ ဘီယာနဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ခဏနားတဲ့အချိန် မော်တော်ပေါ် တက်ပြီး လိုက်လံ ရောင်းချကြတဲ့ ဈေးသည်တွေပါ။ ရေနည်းချိန်ဆို တချို့ဈေးဗန်းကို ခေါင်းပေါ်တင်ပြီး မြစ်ထဲမှာ ရေကူးပြီး လိုက်ရောင်းကြရပါတယ်။ အမျိုးသမီး လှေလှော်သူ အပါအဝင် အများစု တွေ့ရတာ အမျိုးသမီးတွေပါ။ ချင်းတွင်းမြစ်ကို တစ်နေကုန် အပြန်အလှန် ကူးသန်းရင်း လှေလှော်ပြီး ဝမ်းစာရှာကြရတဲ့အတွက် ချင်းတွင်းအလှကို မခံစားနိုင်ကြပါဘူး။
တနိုင်းခ၊ တဝမ်းခ ညီနောင် မြစ်နှစ်သွယ် ပေါင်းထားတဲ့ ချင်းတွင်းမြစ်ဟာ ရေမိုင်ပေါင်း ၆၉၁ မိုင် ရှည်လျားပြီး ရှုခင်းများမှာ ဘယ်နေရာကြည့်ကြည့် လှပနေပါတယ်။ မြစ်ကြီးကို မှီခိုပြီး ဘဝရပ်တည်မှု အတွက် နေ့စဉ် လှုပ်ရှား ရုန်းကန်နေရတဲ့ လူသားတွေက ချင်းတွင်း အလှအပကို မခံစားနိုင်ကြရှာပါဘူး။
မြစ်လယ်မှာ သောင်မတင်ဖို့ကတော့ ရေကြောင်း အတိမ်အနက်ကို မဖြစ်မနေ သိဖို့ အသက်တမျှ အရေးကြီးပါတယ်။ ရေနည်းချိန်တိုင်း အလုပ်ရှုပ်ရတာက လှေထိုးသားများပါ။ လှေဦးမှာထိုင် ဝါးနဲ့ထောက်ရင်း ဆလင်ကို လက်ကလေးများ ထောင်ပြပြီး ရေအနက်ပေကို လှမ်းအချက်ပြရတာပါ။
မြစ်နဲ့နီးတဲ့ လယ်ကွင်းတွေကတော့ မိုးမမျှော်ရတော့ပါဘူး။ ဆယ့်နှစ်ရာသီ နုံးတင်မြေနု ပေါ်မှာ သီးပင်စားပင်တွေ စိုက်ချင်ရင် တရုတ်နီစက်ကလေးနဲ့ ရေတင်လိုက်ရုံပါပဲ။
ချင်းတွင်းမြစ် အထက်ပိုင်း ဥရု ချောင်းတွေမှာတော့ စီးပွားရေး သမားတွေက စက်အင်အား၊ လူအင်အားတွေ သုံးပြီး ရွှေကျင်ကြတာ နှစ်စဉ် ရွှေတောတွေမှာ ပွဲတော်ကြီးလိုပါပဲ။ တစ်ပိုင်တစ်နိုင် ရွှေကျင်သူတွေ ကတော့ ရှိသမျှ မိသားစုလေးနဲ့ မြစ်ကမ်းဘေးမှာ မူးစုမတ်စု ရွှေကျင်ပြီး ဝမ်းစာရှာရတာပေါ့။
မြစ်ကမ်းတစ်လျှောက် သစ်ဝါးပေါတဲ့ ဒေသဆိုတော့ သစ်ခုတ်ပြီး ခွဲခြမ်းစိတ်ဖြာကာ ရောင်းဖို့အတွက် ချင်းတွင်းမြစ်ကြီးကို အသုံးပြုကြပါတယ်။ ကားတစ်စီး သစ်တစ်လုံးပဲ တင်နိုင်တဲ့ သစ်ပင်ကြီးတွေ ဘဝကနေ တစ်ပိုင်တစ်နိုင် ခုတ်ကြ ရောင်းကြရင်းနဲ့ ချင်းတွင်း မြစ်ကမ်းဘေးက တောတွေဟာ တောင်ကတုံး ဘဝ ရောက်ပါတော့မယ်။
The Voice Weekly
LIFE on the RIVERS of ARAKAN _ Rick Heizman
Posted by VC on Thursday, December 12, 2013
The rivers are the highways in much of Arakan - Rakhine State, Burma (Myanmar). It may be slower than modern highways - but it is more interesting!
Irrawaddy
Posted by VC on Monday, December 9, 2013
Filed within
Latest Post,
River
``စဥ့်အိုးတင် ဝါးဖောင်မျှော၊ .....ဧရာဝတီ(၁၉၇၇)``
......Irrawady river. A large bamboo raft transports massive clay pots to markets in Mandaly and Paganး Burma(1977)
(Credit: Bruno Barbey)
``မြစ်ဧရာ ....ကျွန်းသစ်ဆွဲ(၁၉၇၇)``
.....Along the Irrawady River. Water oxen pulling teak logs; Burma(1977)
(Credit: Bruno Barbey)
.....Along the Irrawady River. Water oxen pulling teak logs; Burma(1977)
(Credit: Bruno Barbey)
``မြစ်ဧရာ ....ဝါးဖောင်မျော(၁၉၇၇)``
......Irrawady river. A large bamboo raft transports massive clay pots to markets in Mandalay and Pagan; Burma(1977)
(Credit: Bruno Barbey)
......Irrawady river. A large bamboo raft transports massive clay pots to markets in Mandalay and Pagan; Burma(1977)
(Credit: Bruno Barbey)
`ပုဂံ ညနေ(၁၉၇၇)``
.....The River Irrawady; Pagan(1977)
(Credit: Bruno Barbey)











.png)




