Showing posts with label Latest Post. Show all posts
ကျောက်ပိဘုရား
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Tuesday, April 22, 2014
မြသိန်းတန်စေတီ
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Sunday, March 9, 2014
အလောင်းတော်ကဿပ
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Saturday, March 8, 2014
Filed within
Latest Post,
Pagoda
မိုးကုတ်
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Friday, March 7, 2014
Ananda Pagoda- Pagan(Burma(1980)
Posted by သတင်းစုံပျော်ဝင်အိုးကြီး on
Shwe Dagon
Posted by သတင်းစုံပျော်ဝင်အိုးကြီး on
တစ်ဝဂူဘုရား
Posted by သတင်းစုံပျော်ဝင်အိုးကြီး on
ဆည်တေည်မြင် ဘုရား ( တစ်ဝဂူဘုရား )
သာစည်ရွာ မုံရွာမြို့နယ်။
ဆုတောင် အဓိဌာန် ဖူးမြော်စေနိုင်ရန် ချစ်သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်နော်။
သာစည်ရွာ မုံရွာမြို့နယ်။
ဆုတောင် အဓိဌာန် ဖူးမြော်စေနိုင်ရန် ချစ်သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်နော်။
နယ်လှည့်ပြီး ၀မ်းစာရှာကြရတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ ဘ၀ နန္ဒာအောင်
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Sunday, March 2, 2014
Filed within
Latest Post,
People
ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သန်လျင်၊ ကျိုက်ခေါက်ဘုရား ပွဲဈေးတန်းရှည်ထဲက အချက်အချာကျရာနေရာတစ်ခုမှာ ဆိုင်
တည်ထားတဲ့ ဆယ့်နှစ်ပွဲဈေးသည် မခင်ဝင်းစိန် ဟာ ကောက်ညှင်းကျည်တောက် တစ်ချောင်းကို
ဓားမနဲ့ ကျင်လည်စွာ ထိုးခွဲရင်း "အစားအသောက်ဆိုတာ ကိုယ်တိုင်လုပ်ရောင်းမှ ကောင်းတာ။
ကိုယ်ကြိုက်မှ သူများကြိုက်မှာ။ အမြတ်ကျန်မကျန်ကို မတွက်ဘူး။ ကိုယ့်အတွက် နာမည်ကျန်ဖို့ပဲ
လိုတယ်" လို့ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ သူ့ဆိုင်ရှေ့မှာ စောင့်နေတဲ့ဝယ်သူကိုလည်း ကောက်ညှင်းကျည်တောက်ကို
ဘယ်လိုစားရင် အရသာပိုကောင်းပြီး ကြာရှည်ခံအောင် သိမ်းဆည်းပုံကိုလည်း လေသံသွက်သွက်နဲ့
ရှင်းပြလိုက်ပါသေးတယ်။
"ကိုယ့်နာမည်ကျန်မှ ကိုယ့်ကလေးတွေလက်ထက်မှာ နာမည်ကောင်းရမှာ။ သမီးကိုလည်း ဒီလိုပဲ
မှာထားတယ်။ အမြတ်ကျန်ဖို့ မလုပ်ဘဲ အရသာကောင်းအောင်၊ ကြာကြာထားခံအောင် လုပ်ခိုင်း
တယ်"လို့လည်း အနားမှာ သူ့ကိုဝိုင်း ကူညီနေတဲ့ ဆယ်ကျော်သက်အရွယ်သမီးကို မေးထိုးပြရင်း
ဈေးသည်မကြီးက ဆိုလိုက်ပြန်ပါတယ်။
မခင်ဝင်းစိန်ဟာ မြန်မာတစ်ပြည်လုံး လှည့်လည်ပြီး စည်ကားတဲ့ ဘုရားပွဲဈေးတွေမှာ ကောက်ညှင်း
ကျည်တောက်နဲ့ ထမနဲ ရောင်းချသူ တစ်ဦးပဲ ဖြစ်ပါတယ်။
ရင်စေ့အင်္ကျီခပ်နွမ်းနွမ်းကို ချည်ထည်အနွေးထည် ပါးပါးလေးထပ်ဝတ်လို့ ထဘီကိုတော့
ရင်ခေါင်းထိတက်ကာ ဖြစ်သလိုဝတ်ထားပြီး ခပ်ညစ်ညစ်အသားအရေ၊ မျက်နှာက အရေးအကြောင်း
ရှည်တွေက ၀ါကျင်ကျင်မီးရောင်အောက်မှာ သူ့အသက် သုံးဆယ်ကျော်ဆိုတာထက် ပိုပြီးအိုစာပုံ
ပေါက်နေပါတယ်။
လက်တွေဟာလည်း ၀ါးကြမ်းကြမ်းကို လက်အိတ်မပါ၊ အ၀တ်မပတ်ထားဘဲ အမြဲလိုလိုကိုင်တွယ်
နေရတာကြောင့် ကြမ်းတမ်းနေပြီး လက်မကြီးကလည်း ရောင်နေတယ်လို့ ထင်ရအောင် လုံးဝန်း
နေပါတယ်။
ဒါပေမဲ့ ရိုးသားတဲ့ ပုံစံ၊ ပွင့်လင်းတဲ့ အပြောအဆိုတွေနဲ့ ဖော်ရွေမှုတွေနဲ့ သူ့ဖောက်သည်တွေကို
ဝန်ဆောင်မှုပေးတာကတော့ ပထမတန်းပါပဲ။
တပို့တွဲလထဲမှာ ကျင်းပလေ့ရှိတဲ့ ကျိုက်ခေါက်ဘုရားပွဲမှာ နှစ်စဉ်ဈေးလာရောင်းလေ့ရှိပြီး ဒီပွဲအပြီးမှာ
ကျိုက်ဝိုင်းဘုရားပွဲဆီရွေ့ မယ်လို့ ဆိုပါတယ်။
အဲဒီကမှ နေထိုင်ရာ ပြည်နဲ့ သာယာဝတီမြို့ကြားက လက်ပံတန်းရွာကို ပြန်မှာဖြစ်ပြီး သီတင်းကျွတ်
လဆန်းပိုင်းလောက်မှာ နယ်လှည့်ဈေးရောင်းတဲ့ ခရီးစဉ်ကို ပြန်ပြီး စတင်မယ်လို့ ဆိုပါတယ်။
ဆယ့်နှစ်ပွဲဈေးသည်အလုပ်ကို အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့အတူ
လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုအသက် ၃၅ နှစ် အရွယ် သားသမီးနှစ်ယောက်ရတဲ့အချိန်အထိ မိဘတွေ
ရဲ့ လုပ်ငန်းအမွေကို ဆက်ခံထားဆဲပဲ ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်သားငယ်ကို အိမ်မှာ မိဘတွေနဲ့ထားခဲ့ကာ ခင်ပွန်းသည်၊ သမီးကြီးနဲ့အတူ
ဘုရားပွဲတွေမှာ ဈေးလှည့်လည် ရောင်းချတာက မခင်ဝင်းစိန်တို့မိသားစုရဲ့ အဓိကစီးပွားရေးလုပ်ငန်း
ဆိုလည်း မမှားပါဘူး။
"တစ်နေ့ကို နှစ်သိန်းကျော်ဖိုးလောက် ရောင်းရပါတယ်။ အထွေထွေအသုံးစရိတ်တွေ နုတ်ပြီးရင်
စားဖို့သောက်ဖို့ အသုံးစရိတ်အပို အနည်းငယ်လောက်ပဲ ကျန်တာပါ။ ဒါပေမဲ့ နယ်စုံ ရောက်ဖူးတာ
ကြောင့် ဒီအလုပ်မှာ ပျော်တယ်" လို့ မခင်ဝင်းစိန်က တက်တက်ကြွကြွပဲ ပြောလိုက်ပါတယ်။
အချိန်က ညသန်းခေါင်နား ကပ်နေပြီဆိုပေမယ့် မခင်ဝင်းစိန်တို့ မိသားစု အတွက်ကတော့ သာမန်
မိသားစုတွေနဲ့ခြားနားစွာ နိုးနိုးကြားကြားနဲ့ ရောင်းဝယ်ဖောက်ကားလို့ အကောင်းဆုံးအချိန်ပဲ
ဖြစ်ပါတယ်။
ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သူတို့အတွက် အိပ်ရာဝင်ချိန်ဟာ အစောဆုံး မနက် ၃ နာရီပဲဖြစ်ပါတယ်လို့ မခင်ဝင်းစိန်က
ဆိုပါတယ်။
တစ်နာရီလောက် တရေးတမော အိပ်ပြီး မနက် ၄ နာရီခွဲလောက်မှာ ပြန်ထကာ အဲဒီနေ့မှာ
ပြန်ရောင်းဖို့အတွက် ကောက်ညှင်း ဆန်၊ ဆီ၊ ဆား၊ ထင်းစတဲ့ လိုအပ်တာတွေ အ၀ယ်ထွက်ကြ
ရပါတယ်။
ပြန်လာတဲ့အခါ တစ်အောင့်လောက် ထပ်နားပြီး ညနေ ၄ နာရီလောက်မှာ ဆိုင်ခင်းဖို့အတွက်
အစားအစာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ရတယ်လို့လည်း ဆိုပါတယ်။
"လိုအပ်တဲ့ ကုန်ကြမ်းတွေကိုက ဈေးရောင်းတဲ့နေရာရောက်မှပဲ ၀ယ်ပြီးပြန်ရောင်းတာပေါ့။
အစားအစာတွေကိုလည်း တစ်နေ့စာပဲလုပ်တယ်"လို့လည်း ပြောပါတယ်။
"သူများတွေက ကိုယ့်ဆိုင်က မုန့်တွေဝယ်ပြီး စားသောက်သွားကြတာ။ ကိုယ်တွေကတော့
တစ်ခါတလေ အလုပ်များလွန်းလို့ ထမင်းစားဖို့တောင် လွတ်သွားတယ်" လို့လည်း နယ်လှည့်
ဈေးသည်တွေ လှုပ်ရှားရတဲ့ ဘ၀ပုံစံကို ပြောပြပါတယ်။
မခင်ဝင်းစိန်ရဲ့ နယ်လှည့်ဈေးသည်ဘ၀က လင်ရယ်၊ သမီးရယ်နဲ့ သိုင်းသိုင်းဝိုင်းဝိုင်းရှိပေမယ့်
အပျော်စီး ရဟတ်လုပ်ငန်းကို လုပ်ကိုင်သူ ကိုအောင်မြတ်စိုး (၃၆ နှစ်)ကတော့ တစ်ကိုယ်တည်း
ဘ၀နဲ့ နယ်တကာလှည့်ရရှာသူဖြစ်ပါတယ်။
မိရိုးဖလာ ရဟတ်လုပ်ငန်းကို လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ဦးစီးလုပ်ကိုင်ခဲ့စဉ်က စလို့ ဇနီး၊
သားနဲ့ အတူနေရချိန်က တစ်နှစ်ပတ်လုံးမှာ လေး၊ ငါးလလောက်ပဲရှိတာကြောင့် အနေဝေးလို့
ဆက်ဆံရေးလည်း အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ်။
"ဒီအလုပ်က အဖေတွေ၊ အဘိုးတွေ လက်ထက်ကတည်းက လုပ်လာကြတာ။ ကျွန်တော်ကလည်း
ဒါကိုပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပြီး တခြားအလုပ် မလုပ်တတ်ဘူး။ ဒါပေမဲ့ နယ်လှည့်နေရတဲ့
အလုပ်ဖြစ်တော့ ကျွန်တော့် ဇနီးက မကြိုက်ဘူး။ အခုလည်း သူနဲ့ကွဲနေတာပါပဲ။ ဒါပေမဲ့ လိုအပ်တာ
တွေကို သူ့ကို ထောက်ပံ့ ပေးဖြစ်ပါတယ်"လို့ ပါးစပ်ကလည်း ကွမ်း အပြည့်ဝါးရင်း မိသားစုကို
သတိရဟန်နဲ့ ပြောပြပါတယ်။
ကိုအောင်မြတ်စိုးနဲ့ မခင်ဝင်းစိန်တို့နှစ်ဦးဟာ ဆယ့်နှစ်ပွဲဈေးသည်ချင်း အတူတူ၊ မိဘလုပ်ငန်းကို
ဆက်ခံကြတာချင်းတူကြသလို သူတို့လုပ်ငန်းကို ကျွမ်းကျင်ရိုသေပြီး အလုပ်နဲ့ပတ်သက်တဲ့အပေါ်
ထားရှိတဲ့ ခံယူချက်ချင်းကလည်း တူညီကြနေကြပါတယ်။
"ကျွန်တော်တို့ ရဟတ်လုပ်ငန်းကျတော့ နေရာကျယ်ကျယ်ယူရလို့ မြေနေရာအတွက် ကုန်သလို၊
အလုပ်သမား စရိတ်တွေ၊ ရွှေ့ပြောင်း စရိတ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဘုရားပွဲတစ်ပွဲ တစ်ပွဲ
ကိုတော့ ရှုံးတာလည်းရှိသလို မြတ်တာလည်း ကြုံဖူးနေပါပြီ။ ရှုံးလည်း ကိုယ့်အတွက်၊ မြတ်တာက
မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကို နှစ်စဉ် တစ်နှစ်တစ်ကြိမ် ဖူးရတယ်လေ"လို့
ရန်ကုန်က၊ ဒေါပုံမြို့နယ်သား ဖြစ်တဲ့ ကိုအောင်မြတ်စိုးက ဆိုပါတယ်။
"ဘုရားပွဲတစ်ပွဲမှာ ဘုရားဂေါပကတွေကို ရဟတ်ယာဉ်တွဲအလိုက် အခွန်ပေးဆောင်ရတယ်
ဆိုပေမယ့် ဘုရားကို လှူတယ်လို့ပဲ သဘောထားပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့
အလုပ်ပါ"လို့လည်း သူ့အသက်မွေးဝမ်းကျောင်း အလုပ်ပေါ်မှာ ကျေနပ်တဲ့ ဟန်ပန်နဲ့ ဆိုပါတယ်။
အရင်တုန်းကဆို ဘုရားပွဲဈေးမှာသာ မြန်မာ့ရိုးရာမုန့်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်
ဝယ်စားနိုင်တာဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ မြို့ကြီးတွေမှာဆိုရင် ဈေးဝယ်စင်တာတွေ၊
လက်ဖက်ရည်ဆိုင်ကြီးတွေမှာလည်း ရိုးရာ မုန့်မျိုးစုံကို ရရှိနိုင်ပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရိုးရာမုန့်ပဲသရေစာတွေကို မီးရောင်ထိန်ထိန်အောက်မှာ အကြော်အလှော်ညှော်နံ့
တွေကို ရှူရှိုက်ရင်း စားရတဲ့အရသာကတော့ ပွဲဈေးတန်းတွေအပြင် တခြားဘယ်နေရာမှာမှ
မရနိုင်ပါဘူး။
ခေတ်မီကစားကွင်းတွေ ဘယ်လောက်ပဲ များလာလာ လူတွေတက်ပြီးလှည့်ရတဲ့ ရိုးရာရဟတ်
တွဲကြီးကို တပျော်တပါးစီးရတဲ့ အရသာဟာလည်း ဘုရားပွဲဈေးတန်းမှာပဲ ရနိုင်တာဖြစ်ပါတယ်။
ရဟတ်လုပ်ငန်းလုပ်ကိုင်ရာမှာ ဘုရားပွဲ တစ်ပွဲနဲ့တစ်ပွဲ ကုန်ကျစရိတ်မတူဘဲ အထက် မြန်မာပြည်က
မြေဈေးသက်သာတာကြောင့်ရယ်၊ အေးဆေးနေထိုင်တဲ့သူတွေ များတာရယ်ကြောင့် လုပ်ငန်း
လုပ်ကိုင်ရတာပိုကောင်းတယ် လို့ဆိုပေမယ့် သယ်ယူပို့ဆောင်စရိတ်ကတော့ ဈေးကြီးတယ်လို့
ကိုအောင်မြတ်စိုးက ဆိုပါတယ်။
အောက်ပြည်ကတော့ ပို့ဆောင်စရိတ်နည်းပေမယ့် မြေဈေးကြီးပြီး ရမ်းကားတဲ့သူ တွေများလို့
လုပ်ငန်းလုပ်ကိုင်ရာမှာ အနှောင့်အယှက် အနည်းငယ်ဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။
ကျိုက်ခေါက်ဘုရားပွဲမှာ တွေ့ရတဲ့ ဆယ့်နှစ်ပွဲဈေးသည်များရဲ့ ပုံရိပ်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
သူ့ရဲ့ ရဟတ်မှာ အတွဲ ၂၄ တွဲပါရှိပြီး တစ်တွဲကို လူလေးယောက်စီးလို့ရတဲ့အပြင် စီးနင်းခ
တစ်ယောက်ကို ကျပ် ၃၀၀၊ ၅၀၀ ဆိုပြီး နှစ်မျိုး ကောက်ခံတယ်လို့ဆိုပါတယ်။
ရဟတ်လုပ်ငန်းမှာ အသက်အန္တရာယ်မဖြစ်စေဖို့ ရဟတ်တွဲတွေအတွက် ပုံစံချိုးတာတွေကို
တွင်ခုံဆရာတွေနဲ့ စနစ်တကျ ကြီးကြပ်လုပ်ကိုင်တဲ့အပြင် တစ်နှစ်တစ်ကြိမ် ကျွမ်းကျင်တဲ့
အင်ဂျင်နီယာနဲ့ တိုင်ပင်ပြီး စစ်ဆေးပြီးမှ အသိအမှတ်ပြု လက်မှတ်ထိုး ခိုင်းလေ့ရှိတယ်လို့လည်း
ပြောပြပါတယ်။
သူကတော့ ကျိုက်ခေါက်ဘုရားပွဲဈေးအပြီးမှာ ပဲခူး၊ လယ်ဝေး ဖောင်တော်ချက်မ ပွဲဈေး၊ ပခုက္ကူ၊
မြင်းခြံ နှစ်ကျိပ်ရှစ်ဆူ၊ ပုလိပ်၊ တောင်ပြုန်း၊ မိတ္ထီလာ၊ မလှိုင်၊ ရွှေဘိုမြို့ထောင့်စေတီ၊ မတ္တရာ၊ မုံရွာ၊
ရမည်းသင်း၊ ရန်ကုန်၊ တောင်ကြီး တန်ဆောင်တိုင်စတဲ့ အထက်မြန်မာပြည်ရော အောက်မြန်မာပြည်
ကိုပါ အစုန်အဆန်သွားလာနေတဲ့ ဆယ့်နှစ်ရာသီဈေးသည်စစ်စစ်ကြီး တစ်ယောက်ပါ။
တန်ခူးလကစလို့ တပေါင်းလကုန်အထိ ဆယ့်နှစ်လရာသီလုံး မြန်မာပြည်အနှံ့အပြားမှာ ဘုရားပွဲ
တွေရှိနေတတ်တာ ဟိုးဘိုးစဉ်ဘောင် ဆက်ကတည်းကဖြစ်သလို ပွဲကြိုက်ခင်တွေ ပေါများလှတာ
ကြောင့် အိမ်မှာ ဆန်၊ ဆီနည်းနေရင်နေပါစေ မိမိတို့လက်လှမ်းမှီတဲ့နေရာတွေမှာ နှစ်စဉ်ပြုလုပ်
နေကျ ဆယ့်နှစ်လရာသီပွဲ တော်တွေကို ရောက်အောင်သွားတတ်ကြတာ ကလည်း မြန်မာ
တိုင်းရင်းသားအားလုံးရဲ့ ဓလေ့ထုံးစံတစ်ခုလည်းပဲ ဖြစ်ပါတယ်။
ရှေးယခင်ကတော့ ဘုရားပွဲဈေးတွေဟာ အိမ်ရှင်မတွေရဲ့ ဈေးဝယ်စင်တာတွေဖြစ်ခဲ့ကြပြီး အနယ်နယ်
အရပ်ရပ်က ထွက်ကုန်တွေကို လာရောက်ရောင်းချကြတဲ့ ဆယ်နှစ်ပွဲဈေးသည်တွေဟာ အရောင်း
အ၀ယ်တော်တော် လေးသွက်ခဲ့တာပါ။
အခုအချိန်မှာတော့ အစားထိုးပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ ဈေးဝယ် စင်တာကြီးတွေ၊ စတိုးဆိုင်
ကြီးငယ်တွေက နေရာယူလာတာကြောင့် နယ်လှည့်ဈေးသည် တွေရဲ့ရောင်းအားကို အနည်းအများ
ဆိုသလို ထိခိုက်လျော့ကျသွားစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
ပွဲဈေးသည်အများစုကတော့ စားသောက်ကုန်တွေဖြစ်တဲ့ မုန့်ဟင်းခါး၊ ထမနဲ၊ ပုသိမ်ဟလ၀ါ၊ ရေမုန့်၊
အာပုံ၊ ဘူးသီးကြော် စတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံအပြင် အသုံးအဆောင်တွေဖြစ်တဲ့ ကြိမ်ထည်၊
ငွေထည်၊ စဥ့်ထည်၊ မြေထည် စတဲ့လက်မှုပစ္စည်းတွေ၊ အိပ်ရာ၊ စောင်၊ ခြင်ထောင်၊ ရိုးရာအထည်
တွေ၊ ဆေးမျိုးစုံနဲ့ ရွှေဘိုသနပ်ခါးတုံး စတာတွေကို ရောင်းချကြတာ ဖြစ်ပါတယ်။
လက်မှုထည်တွေဖြစ်တဲ့ စဥ့်ထည်၊ ကြွေထည်နဲ့ မြေထည်တွေကို နယ်လှည့်ပြီး ဘုရားပွဲတွေမှာ
ရောင်းချတဲ့ ဦးဝင်းမြင့်ကတော့ အစားထိုး ပစ္စည်းတွေရှိပေမယ့် ရိုးရာကို နှစ်သက်သူတွေ၊ တန်ဖိုး
ထားသူတွေ ရှိသေးသရွေ့ သူ့လုပ်ငန်းက တည်မြဲနေမှာပါလို့ ဆိုပါတယ်။
"ရွှေ့ပြောင်းရခက်တဲ့ ပစ္စည်းတွေကို နယ်တကာလှည့်ပြီး ရောင်းချနေရတာကြောင့် ကိုယ်တိုင်
ဦးစီးဦးဆောင်လုပ်နိုင်မှ ရတာ။ တခြားသူတွေနဲ့ လွှဲလို့မရဘူး။ အရင်းအနှီးများတယ်။ အခုဆိုရင်
အစားထိုးပစ္စည်းတွေ ၀င်လာတာကြောင့် ဦးတို့ကုန်သည်တွေကိုလည်း ရိုးရာလက်မှုပစ္စည်းတွေနဲ့
ပတ်သက်လို့၊ အရည်အသွေးကအစ ဒီဇိုင်းကအစ ဆန်းသစ်နေဖို့ ပြောထားရတယ်"လို့ ဦးဝင်းမြင့်က
ပြောပါတယ်။
"ဒါပေမဲ့ ဒီလုပ်ငန်းက ပျောက်မယ့်အရာတော့ မဟုတ်ပါဘူး။ မြန်မာမိန်းကလေးတွေ သနပ်ခါးလိမ်း
နေသရွေ့ ကျောက်ပျဉ်ဆိုတာ ရှိမှာပဲ။ ငါးပိစားနေသရွေ့ စဥ့်အိုး၊ မြေအိုးဆိုတာလည်း ရှိနိုင်သလို
ဘုရားရှိခိုးနေသရွေ့ ပန်းအိုးကိုလည်း သုံးနေကြမှာပါပဲ"လို့လည်း ပြောပါသေးတယ်။
စဥ့်နဲ့ပတ်သက်တဲ့ ဖယောင်းတိုင်ထွန်းတဲ့ ခွက်တွေကအစ တန်ဖိုးကျပ် ၃၀၀ လောက်ကနေ
ကျပ် ၃၀,၀၀၀ လောက်ထိရှိတဲ့ ကျောက်ထည်၊ စဥ့်ထည်တွေနဲ့ မြေထည်တွေကို ရောင်းချနေပြီး
ပွဲတစ်ရက်ကို ကျပ် သုံးသိန်းကနေ ၁၀ သိန်းဖိုးလောက်ထိ ရောင်းထွက်တယ်လို့ ဆိုပါတယ်။
အသက် ၁၉ နှစ်လောက်ကတည်းက စဥ့်ထည်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့ ဦးဝင်းမြင့်ဟာ
ကျိုက်ခေါက်ဘုရားပွဲမှာ နှစ် ၃၀ လောက် လာရောက်ဈေးရောင်းချခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ခရမ်း၊ အဇမ်းပွဲတွေအပြင် ကျောက်တန်းပွဲတွေမှာလည်း သွားရောက် ရောင်းချတယ်လို့ ဆိုပါတယ်။
ဦးဝင်းမြင့်လိုမျိုး ဆယ့်နှစ်ပွဲဈေးသည်တွေရဲ့ ဘ၀ကတော့ ဘုရားပွဲတွေ နှစ်စဉ်ကျင်းပနေသေးသရွေ့
ဝါသနာအရ၊ မိရိုးဖလာအရ၊ စီးပွားရေးအရ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရောက်သွားပြီး ရောင်းဝယ်
ဖဖာက်ကားနေကြဦးမှာပဲ ဖြစ်ပါတယ်။
မြန်မာတိုင်း(မ်)

မုံရွာမြို့ ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားသမိုင်း
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Saturday, March 1, 2014
Saturday, March 1, 2014
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ သမ္ဗုဒ္ဓေ စေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် (ခရာဇ်နှစ် ၁၉၃၈ခုနှစ်) ဒုတိယ၀ါဆိုလဆန်း (၅)ရက်နေ့ ကြာသပတေးနေတွင် မိုးညှင်းဆရာတော်ကြိး ကိုယ်တိုင်
ရွှေအုတ်ချပ်ကိုင်ကာ အုတ်မြစ်ချ တည်ထားသည်။
မိုးညှင်းဆရာတော်ကြီးပင် ပုံစံပေးကြီးမှူး၍ ပြသသည်။ လက်တွေ့ ပုံဖော် တည်ဆောက်သူ ဗိသုကာ ပညာရှင် မှာ အမြင့် မြို့  မှ ဆရာဟံကြီး ဖြစ်သည်။တည်ဆောက်ကာလ ဆယ်နှစ်ကြာသည်။
စေတီတော်ကြီး အတိုင်းအတာများ
"ဥသြဥ ဟုခေါ် ဘိနပ်တော် "အရ ဘိနပ်ခုံတော် စတုရန်း ၁၁၁ တောင်စီ ရှိသည်။" ညဏ်တော် ရန်ရှား သမ္ဗုဒ္ဓေ ဘုရား "အရ အရပ်မြင့်တော် ညဏ်တော် ဘိနပ်ခုံတော်မှအထိ ၈၈ တောင် ရှိသည်။ ထိုစေတီနှင့် ဆက်လျှက် ၇ှိ စောင်းတန်းတော် မှာ (တဇောင်း)အလျှား ဘိုးတော်အရ အလျှား ၅၇ တောင် ရှိ၍ နံတော်ကြီးအရ အနံ ၅၇ တောင် ရှိသည်။ မြင့်စိန်သီး အရ အရပ်အမြင့် ၃၆ တောင်ရှိသည်။ ဆက်စပ်လျှက်ရှိသော အာရုံခံကြီးမှာ ဦးအေးအောင် အရ အလျှား ၁၁၁ တောင်ရှိသည်။ အနံမှာ မြကြီး အရ အနံ ၅၂ တောင်ရှိသည်။ မြင့်စိန်သီးအရ အရပ်အမြင့် ၃၆ တောင်ရှိသည်။
စေတီရံများ
စေတီတော်ကြီး နှင့် တကွ စောင်းတန်း အာရုံခံ တို့  အပေါ်ရှိ စေတီရံပေါင်း မှ ရှင်းသောင်းလင်း အရ ၈၆၄ ဆူရှိသည်။
ရုပ်ပွားတော်ပေါင်း
ပထမ ဂါထာ တော်အရ ရုပ်ပွားပေါင်း ၅၁၂၀၂၈ ဆူရှိရမည် ဖြစ်သော်လည်း ဒုတိယ ဂါထာ တော်အရ ဂင်္ဂါ ၀ါလုသဲစုမက ပွင့်တော်မူပြီးသော ဘုရား ရှင်တို့ ကို ရည်စူးပိုထား ပါသည်။ ထို့ ကြောင့် မြရွှေငွေ စိန်သီးဆောင်း ရုပ်ပွားပေါင်း အရ ရုပ်ပွားတော် ပေါင်းမှ အတွင်းအပြင် ၅၈၂၃၆၃ ဆူရှိသည်။
ခန်းငတ်မှတ်ကြ အားကြီးလှ ကြီးပ ရှင်တော်သာ အရ အခန်းငယ်ပေါင်း ၁၂၄ ခန်းရှိပြီး အခန်းကြီး ၈၀ ရှိပါသည်။
တံခါးပေါက်များ
လေးဆယ် နှင့် နှစ် တံခါးလှစ် တက် ဖြစ်သည်မှာ နှစ်ဆယ့် နှစ်သာ အရ တံခါးပေါက် တက်ရန် ဆင်းရန် တံခါးပေါက် ၂၂ ပေါက် ရှိ၍ ရိုးရိုးတံခါးပေါက် ၂၀ရှိသည်။
နှစ်စဉ် ပွဲတော်
မြန်မာ သက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် စေတီတော်ကြီး ရွှေချပြီး အထိ အလုံးစံ ပြီးစီးအောင်မြင့်သည်။ ထို နှစ်တန်ဆောင်မုန်းလပြည့် နေ့ တွင် အထူးအနေကဇာတင်ပွဲ ပြုလုပ်ပူဇော်ကြသည်။ ဈေးပွဲ ဇတ်ပွဲ ဆွမ်းလောင်းပွဲ ပျော်ပွဲ ရွှင်ပွဲ တွေ စုံလင်စွာဖြင့် ပွဲတော်ကြီး အဖြစ်ကျင်းပသည်။ ထိုနှစ်မှ စ၍ နှစ်စဉ် ထိုရက်များတွင် ပွဲတော်ကြီး အဖြစ်ကျင်းပသည်မှာ ယခုတိုင် ဖြစ်သည်။
credit to sambuddhe.org
မေတ္တာဖြင့်စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
Spirit of Asia-วิถีเอเชีย (คำทำนายที่ยังมาไม่ถึง) 23 ก.พ. 2557@TMC
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Tuesday, February 25, 2014
Filed within
Latest Post,
video
ထိုင်းရုပ်/သံက ဖော်ထုတ်တင်ပြသွားတဲ့ မြန်မာ့
လျှို့ဝှက်အလှတရားတွေ
ထိုင်းနိုင်ငံက အထင်ကရ သတင်းဌာနတခုဖြစ်တဲ့ PBS ရုပ်မြင်သံကြားက အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံက စိတ်ဝင်စားဖွယ် ဒေသတချို့ကို သွားရောက်ပြီး မှတ်တမ်း ဗီဒီယို ရိုက်ကူးကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်လွှင့်ပြသသွားတဲ့ Spiit of Asia ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်မှုပါ။
ထိုင်း PBS က ထုတ်လွှင့်ပြသမှုမှာ မြန်မာ့အလှ၊ မြန်မာ့ဓလေ့တွေကိုလည်း ကွက်ကွက်ကွင်း ကွင်းမြင်
အောင် ရိုက်ကူးတင်ဆက်သွားခဲ့ပြီး ကရင်ပြည်နယ်က ဆဒ္ဒန်ဂူအကြောင်းအပါအဝင် ကရင်တိုင်းရင်းသား
တွေရဲ့ ထူးခြားတဲ့ ဓလေ့၊ ရှေးခေတ် ပရပိုက်တွေ အကြောင်းလည်း မေးမြန်း တင်ဆက်သွားပါတယ်။
အိမ့်သံစဉ် ~
The Irrawaddy
“ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် နတ်ကျွန်းစေတီတော်မြတ်ကြီး ထီးတော်တင်ပွဲ ကျင်းပမည်”
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Monday, February 24, 2014
Monday, February 24, 2014
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက ကြီးမှူးပြီး မဒွယ်တောင် ရဟတ်ယာဉ် မတော်တဆမှုတွင် ပါဝင်သော အဖွဲ့ဝင် (၆)ဦးမှ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၊ အင်လွယ်ရံ ကျေးရွာအနီး မလိခမြစ်လယ်တွင် တည်ထားသည့် နတ်ကျွန်းစေတီတော်၏ ထီးတော်တင်ပွဲနှင့် ဗုဒ္ဓဘိသေက မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့အတွင်း ထီးတော် လှည့်လည်အပူဇော်ခံမည်ဖြစ်ပြ
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ အပါအ၀င် အဖွဲ့ဝင် (၆)ဦးသည် ခရီးသွားလုပ်ငန်းအတွက် ရေခဲတောင်များကို သွားရောက် ကြည့်ရှုစဉ် မဒွယ်တောင်တွင် ရဟတ်ယာဉ် မတော်တဆမှု ကြုံတွေ့ခဲ့ကြသည်။ (၃)ညအိပ် (၄)ရက် ကာလအတွင်း အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းပြီးနောက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် သေမင်းခံတွင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။
ထိုကာလအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက် ပေးခဲ့ကြသော သူများအားလုံး၊ ကျေးဇူးရှင် မိဘများနှင့် မိဘကဲ့သို့ ချစ်ခင်လေးစားရပါသော လူကြီးများနှင့် ထူးကုမ္ပဏီများအုပ်စု မိသားစုဝင်များအား ရဟတ်ယာဉ် မတော်တဆမှုတွင် ပါဝင်သော အဖွဲ့ဝင် (၆)ဦးမှ ကျေးဇူးဆပ်သော အနေဖြင့် နတ်ကျွန်းစေတီကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Htoo Foundation
ကျောက်စိမ်းတွင်းပေါ်က ကျွန်မတို့ရွာ...
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Sunday, February 23, 2014
မှော်စီစာတောင်ပေါ်ရှိ စန္ဒာမုနိဘုရား
ကျွန်မကို မွေးဖွား ကြီးပြင်းစေခဲ့တဲ့ ကျွန်မရဲ့ ဇာတိ ရွာကလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဦးဆုံး ရွာအကြောင်း မပြောခင်မှာ ကျွန်မ မိဘတွေအကြောင်းလည်း အနည်းငယ် ပြောပြချင်ပါတယ်။ ကျွန်မ အင်တာနက်ပေါ်မှာ စာတွေရေးတယ်ဆိုတာ သိတဲ့ ကျွန်မအမေဟာ သူကိုယ်တိုင်လည်း စာရေးစာဖတ် သိပ်ဝါသနာကြီးတော့ သဘောတွေကျပြီး ကျေနပ်လို့နေပါတယ်။ ပြီးတော့လည်း အမေနဲ့ ဖုန်းပြောတိုင်း ကျွန်မတို့ဒေသရဲ့ အကြောင်းတွေ၊ အစားအသောက် အကြောင်းတွေ ရေးဖို့ တိုက်တွန်းတတ်သလို၊ ဖားကန့်ဒေသမှာ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေဖြစ်စေ၊ တစ်ခုခု ထူးခြားတာတွေ ရှိလာရင်ဖြစ်စေ “မင်းတို့ အစ်မသာရှိရင် ဓာတ်ပုံရိုက်တော့မှာ။ အခုလည်း ဓာတ်ပုံတွေရိုက်ထား။ မင်းတို့အစ်မဆီ ပို့ရအောင်” လို့ ပြောတတ်ပြီး အနားမှာရှိတဲ့ မောင်နှမတွေကို ဓာတ်ပုံ အတင်းရိုက်ခိုင်းတတ်ပါတယ်။ ဘလော်ဂါတွေကတော့ သိတဲ့အတိုင်း ရောက်ရာအရပ်မှာ ကင်မရာတကားကားနဲ့ တွေ့သမျှ ဓာတ်ပုံရိုက်ကြတာကိုးနော်။ ကျွန်မရဲ့ ညီမအငယ်ဆုံးကလည်း ဘာလေးဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ထားပြီး ကျွန်မဆီကို ပို့တတ်ပါတယ်။ ကျွန်မပြန်သွားတုန်းက ရိုက်ခဲ့တဲ့ ပုံတွေ ၉၀%နှုန်းလောက်က ပျက်စီးကုန်တာမို့ သူတို့ကျေးဇူးနဲ့မို့သာ ဖားကန့်ဒေသအကြောင်း ဓာတ်ပုံတွေ စုံစုံလင်လင်နဲ့ ရေးနိုင်တာပါ။
အဖေကတော့
အနေအေးသူမို့ ကျွန်မ ဘာလုပ်လုပ် ကန့်ကွက်တာတွေ ဘာတွေ မလုပ်သလို
ထူးထူးခြားခြားလည်း ဘာမှ ပြောလေ့မရှိပါဘူး. ဒါပေမဲ့ အဖေက
ဗဟုသုတသိပ်စုံပါတယ်. ကျွန်မသိလိုတာရှိရင် အဖေကို အမြဲ မေးရပါတယ်.
ပြီးတော့လည်း ကျွန်မတို့ရွာကလေးမှာလည်း အဖေက အသက်ကြီးသူ၊ ဗဟုသုတစုံသူ၊
တည်တည်တံ့တံ့ နေတတ်သူ ဖြစ်တာကြောင့် အများက လေးစားကြပြီး သိလိုတာရှိရင်လည်း
အဖေကို လာမေးတတ်ကြပါတယ်. ကျွန်မတို့ ရှမ်းနီ လူမျိုးတွေရဲ့
ရိုးလာဓလေ့တွေဆိုရင် ခုခေတ် လူတွေက သိပ်မသိကြတော့ ရှေ့မီနောက်မီဖြစ်တဲ့
အဖေကို လာမေးတတ်ကြပါတယ်။ အဖေဟာ အင်မတန်မှ ရိုးသားပြီး လူတွေကို
ယုံလွယ်တဲ့သူတစ်ယောက်ပါ. စိတ်ကောင်းလည်း အလွန်ရှိပါတယ်။ အခုဆို အဖေက
အသက်အတော်ကြီးပြီဖြစ်လို့ အိမ်မှာဘဲ နေပါတော့တယ်။ အမေကတော့ ဘာသာတရားကို
အလွန်ကိုင်းရှိုင်းပြီး သားသမီးတွေကိုလည်း သူ့အတိုင်း ဘာသာရေးကို
လိုက်စားစေချင်သူပါ။ ကျွန်မကို တွေ့တိုင်းလည်း ဘုရားတရားကို မမေ့ဖို့၊
တရားထိုင်ဖို့၊ စသဖြင့် အမြဲတမ်း တိုက်တွန်းတတ်သူပါ။ ခုချိန်ထိလည်း
ဘာသာရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို နှစ်သက်ခုံမင်စွာ လုပ်နေသူဖြစ်ပါတယ်။
အခါကြီး ရက်ကြီးတွေမှာ အမေရဲ့ ဘုရားစင်က ဆွမ်းတော်ပွဲဟာ
ဆွမ်းခွက်ပေါင်းများစွာနဲ့ ဆွမ်းတော်တင်တတ်တဲ့ သဒ္ဓါတရားကြီးမားသူ
ဖြစ်ပါတယ်။ သာမန်ရက်တွေမှာလည်း ဘုရားကို သက်တော်ထင်ရှား ရှိသကဲ့သို့
ဆွမ်းကပ်သူတစ်ယောက် ဖြစ်ပါတယ်။ အမေရဲ့ ဘုရားစင်နဲ့ အမေအကြောင်းကိုလည်း
ပိုစ့်လေးတစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။
ဘလောဂ့်လေးလုပ်ပြီး
စာရေးလာတဲ့ နောက်ပိုင်း ခရီး သွားလာ ရင်း မြို့တစ်မြို့ကို ရောက်တဲ့အခါ
အချိန်ရရင် ရသလို အဲဒီမြို့ရဲ့ ထူးခြားတဲ့နေရာ၊ သာယာ လှပတဲ့ နေရာ၊
သမိုင်းဝင် စေတီဘုရားတွေ၊ ထင်ရှား ကျော်ကြားတဲ့နေရာတွေ ရှိရာကို
ရောက်အောင် သွားပြီး ဓာတ်ပုံရိုက်၊ အချက်အလက်တွေ စုဆောင်းလေ့ ရှိပါတယ်။
ပြီးတော့ အဲဒါတွေကို ကျွန်မရဲ့ ဘလောဂ့်ပေါ်ကနေ အခြားသော စာဖတ်သူ
မိတ်ဆွေတို့ကို ပြန်လည် မျှဝေလေ့ ရှိပါတယ်။ ကျွန်မ ရောက်ခဲ့ဖူးတဲ့
မြို့တွေရဲ့ ကောင်းတဲ့ အချက်တွေ၊ သာယာ လှပပုံတွေကိုသာ ဦးစားပေးပြီး
ရေးလေ့ ရှိခဲ့ပါတယ်။ ကျွန်မ ရေးခဲ့ဖူးတဲ့ မြို့တွေလိုဘဲ ကျွန်မကို
မွေးဖွား ကြီးပြင်းလာစေခဲ့တဲ့ ကျွန်မရဲ့ ဒေသ အကြောင်းကိုလည်း
ကောင်းတဲ့အချက်လေးတွေ၊ သာယာ လှပတဲ့ နေရာတွေကို ရေးချင် မိပါတယ်။
သို့ပေမဲ့လည်း ကျွန်မရဲ့ ဇာတိဒေသဟာ နာမည်ကျော်ကြားလှတဲ့
ကျောက်စိမ်းကြောင့် ရှိသမျှ တောတွေ တောင်တွေ ကုန်တော့မဲ့ အထိအောင် မြေလှန်
ရှာဖွေခြင်း ခံရတဲ့ အခါမှာတော့ ဘယ်မှာလာပြီး ဟိုး ယခင် တုန်းကလို တောင်
တန်း ပြာပြာတွေ သစ်တော စိမ်းစိမ်းတွေနဲ့ သာယာ လှပခဲ့တဲ့ တောရိပ်တောင်ရိပ်
တို့ဟာ ခုနေခါမှာတော့ ဘယ်မှာလာပြီး စိမ်းစို လှပပါတော့မလဲရှင်.
အမေရဲ့ ဘုရားစင်
ဘုရားစင်က ဆွမ်းတော်ပွဲ
ကျွန်မတို့ဒေသကလေးဟာ သဘာဝပတ်ဝန်းကျင်အားဖြင့် အရင်ကလို သာသာယာယာ မရှိတော့ပေမဲ့ ဘာသာ၊ သာသနာရေးမှာတော့ လက်မနှေးကြသလို၊ ဗုဒ္ဓဘာသာအလှူပွဲတွေမှာ အလွန်ကို ရက်ရက်ရောရော လှူတန်းကြသလို၊ ပွဲတွေကလည်း ရိုးရာထုံးတမ်း အစဉ်အလာမပျက် ကျင်းပတာမို့ သိပ်ကို ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ဒေသရဲ့ သင်္ကြန်တို့လို၊ မီးထွန်းပွဲတော်တို့လို အကြောင်းတွေကို အရင်ကလည်း ရေးခဲ့ဖူးပါသေးတယ်။ ကျွန်မရဲ့ မိဘနှစ်ပါးစလုံးဟာ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းလူမျိုးတွေ ဖြစ်ပြီး ကျွန်မတို့ဒေသရဲ့ ကျောက်စိမ်းတွင်းက မြို့ရွာ၊ နာမည်တွေ တော်တော် များများဟာ ရှမ်းနာမည်တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်. ဖားကန့်ဆိုရင် ဖာ- ကျောက်ဖျာ ကန့်- ပြိုကျတာ လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ ကျွန်မရဲ့ ဇာတိ လုံးခင်းဆိုရင်လည်း ဆည်ကြီးတစ်ခုရဲ့ အနီးမှာ ရှိလို့ ရှမ်းလိုခေါ်တာဖြစ်ကြောင်း ကျွန်မရဲ့ အဖေက ပြောပြခဲ့ဖူးပါတယ်။ မှော်စီစာ၊ နမ့်မဖြစ်၊ ဆိပ်မူ၊ နမ့်စမ်း စသဖြင့် ရွာတွေဟာ ရှမ်းနာမည်တွေ များစွာ ရှိပါတယ်။
ကျွန်မရဲ့ ဇာတိဒေသဟာ ဖားကန့်လို့ဆိုပေမဲ့ တိတိကျကျ ပြောရရင်တော့ ဖားကန့်မြို့နဲ့ ၆မိုင်နီးပါး ဝေးတဲ့ လုံးခင်းဆိုတဲ့ ရွာကလေးဟာ ကျွန်ရဲ့ မိဘတွေနဲ့ မောင်နှမတွေ နေထိုင်ဆဲဖြစ်ပြီး ကျွန်မကို မွေးဖွားခဲ့တဲ့ ရွာကလေးဖြစ်ပါတယ်။ ကျောက်စိမ်းမှော်နယ်မြေကို ရောက်တာနဲ့ ဖားကန့်ကို မရောက်ခင်မှာ ကျွန်မရဲ့ ရွာကလေးကို အရင်ဆုံး ရောက်ပါတယ်။ ပြီးတော့မှာ ဖားကန့်ကိုရောက်တာပါ။ ဖားကန့်ကနေ ဆက်သွားရင်
ဆိုင်းတောင်၊ တာမခံ စတဲ့ မြို့ရွာတွေကို ရောက်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဟိုး အရင်က ပြောခဲ့ဖူးသလိုပါဘဲ။ မှော်နယ်မြေမှာ ရွာတည်ထားတာ ဖြစ်လေတော့ ကျောက်စိမ်း လုပ်ကွက်တွေ များပြားလာတာနဲ့ အမျှ ရွာတွေကလည်း မြေစာတွေကြေင့် ရေနှစ်တာ၊ အခြေတကျ ရွာတွေတည်ပြီး အထိုင်ကျနေကာမှ စီးပွားရေး သမားတွေက အဲဒီနေရာမှာ ကျောက်စိမ်းတူးဖို့ လုပ်ကွက်တွေ လျှောက်လိုက်လို့ ရွာတွေ ဖယ်ပေးရတာ၊ အခြားနေရာကို ရွှေ့ကြ ပြန် တော့လည်း မြေမှန် (မူလမြေ) မဟုတ်တော့ဘဲ ကျောက်တူးရာက ထွက်လာတဲ့ မြေစာပုံတွေပေါ်မှာ ရွာတည်ကြရတာကြောင့် မိုးတွင်းဆိုရင် ရွာလမ်းမဟာ ရွံ့တွေ ဗွက်တွေနဲ့ ညစ်ပတ် ပေရေနေတာ၊ နွေအခါဆိုရင် ဖုန်တွေ တစ်ထောင်းထောင်းနဲ့မို့ Mask ( ဖုန်ကာ)တွေနဲ့ ကာထားမှသာ သွားလာလို့ ရကြတာတွေဟာ မရိုးနိုင်တဲ့ မှော်နယ်မြေရဲ့ အလှတရားတွေသာ ဖြစ်ပါတော့တယ်။
မိုးရာသီရဲ့ ရွာလမ်းကလေးပေါ့
မိုးတွင်းဆိုရင် တစ်ရွာကနေတစ်ရွာ သွားကြတဲ့အခါ ခုလို ချောင်းတွေ မြောင်းတွေကို ဖြတ်သွားရတာ ခက်ခဲပါတယ်။
သူက ကျွန်မလိုချင်တဲ့ ဖားကန့်တစ်ဝိုက်က ဓာတ်ပုံတွေ အများဆုံးရိုက်ပေးတဲ့ ညီမအငယ်ဆုံးလေးပါ.. ဦးထုပ်နည်းနည်းတိုနေလို့ ဆွဲချထားပေးလိုက်တယ်း)
ဂျပန်နိုင်ငံဟာ
ငလျှင်ကြောပေါ်မှာ ရှိနေပေမဲ့ အဲဒီနေရာပေါ်မှာ ရှေးဦးမဆွက ဂျပန်လူမျိုးတွေ
တိုင်းပြည်မြို့ရွာ တည်ထောင်ခဲ့လေတော့ အန္တရာယ်ရှိမှန်း သိသိကြီးနဲ့
အံတုပြီး နေထိုင်ကြရသလို ထိုင်းတို့ရဲ့ ဘန်ကောက်မြို့ဟာလည်း အရင်ကတည်းက
ပညာရှင်တွေက ရေဘေးကြောင့် ဒုက္ခရောက်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုခဲ့ကြ
ဖူးပေမဲ့ ဒီနေရာမှာ ရှေးခေတ် ထိုင်းလူမျိုးတို့က မြို့ပြ
တည်ထောင် ခဲ့လေတော့ နောက်လူတွေ ကလည်း အန္တရာယ်ရှိတာ သိသိကြီးနဲ့ ဆက်လက်
နေထိုင်နေကြတာ ခုဆို တစ်မြို့လုံး ရေတွေ ဖုံးနေတာ အားလုံးလည်း သိပြီးသားပါ။
အဲဒီလိုပါဘဲ ကျွန်မတို့ ဖားကန့်ဒေက ရွာတွေဟာ တကယ်တမ်းတော့
လယ်ယာလုပ်ကိုင်သူတွေဖြစ်တဲ့ ရှမ်း၊ ကချင်လူမျိုးတွေကနေ အစပြုပြီး
ရွာတည်ခဲ့ကြတာ ဖြစ်ပေမဲ့ ဖားကန့် ကျောက်စိမ်း ကမ္ဘာကျော်လာတာနဲ့အမျှ အနယ်နယ်
အရပ်ရပ်က လာရောက်လုပ်ကိုင် ရှာဖွေ စားသောက်သူတွေ ရောက်လာပြီး ပိုမို
စည်ကားလာခဲ့ပါတယ်။ အရင်ကတော့ လူအင်အားနဲ့သာ ကျောက်စိမ်း တူးဖော်ကြပေမဲ့
ခုခေတ်မှာတော့ စက်ကိရိယာ စုံလင်လွန်းလှတဲ့ အတွက် တောတွေ တောင်တွေများ
တစ်နှစ်နဲ့တစ်နှစ် ကုန်လာလိုက်တာ ပထမတစ်နှစ် အိမ်ပြန်သွားတဲ့ မြင်ကွင်းဟာ
နောက်တစ်နှစ် အိမ်ပြန်သွားတဲ့ မြင်ကွင်းနဲ့ မတူတော့အောင် ပြောင်းလဲနိုင်
လွန်းလှပါတယ်။
သတ္တုတူးဖော်ရေးဝန်ကြီးဌာနရဲ့ ကျောက်မျက်ရုံး ရုံးရှေ့က ဆိုင်းဘုဒ်ပေါ်မှာတော့“ မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့” တဲ့
အဲဒီ
ဒီကျောက်စိမ်းကြောင့်ဘဲ မြို့ပြအိမ်ခြေတွေဟာ မြေစာပုံအောက်ကို
ရောက်ရတာတွေ၊ ဖားကန့်ရဲ့ နာမည်ကျော် ဥရုချောင်းရဲ့ ရေစီးလမ်း ကောပြီး
ကျဉ်းမြောင်းလာတဲ့အတွက် တစ်နှစ်ထက် တစ်နှစ်ဆိုးလာတဲ့ ရေဘေးကြောင့်
ရွာခံလူတွေက မကြာခင် ရွာကို ရွေ့ကြရတော့မယ်ဆိုပြီး မျက်ခုံး
လှုပ်နေကြရပါတော့တယ်။ အိမ်တွေကိုလည်း ရေဘေးက လွတ်အောင် လေးပေ ငါးပေအထိ
လမ်းမထက် မြှင့်အောင် ဆောက်လုပ်လာ လိုက်ကြတာ ပိုက်ဆံမရှိလို့
အိမ်မမြှောက်နိုင်တဲ့ အိမ်တွေကတော့ ရေကြီးရင် အိမ်ခေါင်မိုးလေး ပေါ်ရုံသာ
ရှိနေပြီး ဆိုင်းတောင်ဘက်က အိမ်တွေများဆို ခုချိန်ထိ ရေကြီးတုန်းက
ဖုံးထားတဲ့ မြေကြီးက အိမ်တစ်ဝက်ကျော်ကို ဖုံးထားတာ ဒီအတိုင်း
မြင်နိုင်ပါသေးတယ်။ သူများတွေရဲ့ မြို့ရွာတွေတော့ ကောင်းတာတွေ ရေးပြီး
ကိုယ့်ဒေသရဲ့ ကောင်းတာတွေလည်း ရှာပြီး ရေးပါလားလို့ ပြောလာရင်တော့
ကျွန်မလည်း ကိုယ့်မွေးရပ်မြေ အကြောင်းကို ကောင်းတာတွေဘဲ ရေးချင်ပါတယ်…
မကောင်းတာတွေ ရေးလို့လည်း စိတ်ချမ်းသာရတာမှ မဟုတ်တာ။ ဒါပေမဲ့လည်း တကယ်ကို
ဆိုးဝါးနေတဲ့ မျက်မြင် အနေအထားတွေကို မျက်ကွယ်ပြုဖို့ မဖြစ်နိုင်တာကြောင့်
ပကတိအခြေအနေကိုသာ ရေးရတာပါ။
အိမ်ပြန်သွားတုန်းက
တစ်ရက်တော့ ငါရဲ့ ရွာကလေးအကြောင်းကို သေချာရေးဦးမယ်လို့ စိတ်ကူးပြီး
တစ်ရွာလုံးကို အပေါ်စီးက မြင်ရတဲ့ ချောင်းတစ်ဖက်ကမ်းက နှစ်မျက်နှာဘုရား
တည်ရှိရာ တောင်ကုန်းရဲ့ ထိပ်ပေါ်ကို ကင်မရာယူပြီး ညီမလေးနဲ့အတူ ဆိုင်ကယ်နဲ့
သွားကြပါတယ်။ တောင်ပေါ်ရောက်တော့ ညနေစောင်း နေဝင်ခါနီးအချိန် ဖြစ်နေပါပြီ။
အဲဒါနဲ့ တောင်ပေါ် ကနေဆို အနောက်ဘက်ကျတဲ့ ရွာရဲ့ ရှုခင်းကို ကင်မရာတစ်လုံးနဲ့
ဓာတ်ပုံတွေ ရိုက်ပါတော့တယ်။ ဒါပေမဲ့ မြင်ကွင်းက ဘယ်လိုမှ
ရှင်းရှင်းလင်းလင်း မရှိဘဲ မြူတွေဆိုင်းနေသလို ခပ်ဝါးဝါးဖြစ်နေပါတယ်။ ဒါနဲ့
ညီမလေးကို ကျွန်မက ပြောမိပါတယ်။ “ငါတို့လာတာ နောက်ကျသွားတယ်။
ညနေရောက်သွားတော့ ဓာတ်ပုံရိုက်လို့ မကောင်းတော့ဘူး မြူတွေဆိုင်းနေပြီ” လို့
ပြောပြီး တောင်ကုန်းထိပ်ကနေ မြင်ရတဲ့ ရွာနဲ့ ဆန့်ကျင်ဘက် အရှေ့ဘက်ခြမ်းက
လယ်ကွင်းတွေ၊ တောအုပ်တွေ ရှိတဲ့ဘက်ကို ကင်မရာကို ချိန်လိုက်တဲ့
အချိန်မှာတော့ မြင်ကွင်းက ထူးဆန်းနေပါတယ်။
ဒီလို နှစ်မျက်ရှိတာကြောင့် နှစ်မျက်နှာဘုရားလို့ ခေါ်တွင်ပါတယ်။
ရွာရဲ့ အခြားတစ်ဖက်က မြူမှုန်တွေ ကင်းရှင်းရာ လယ်ကွင်းပြင်နဲ့ တောင်တန်း
ဘာဖြစ်လို့လဲဆိုတော့
အဲဒီဘက်မှာတော့ မြင်နေရတဲ့ မြင်ကွင်းက ပကတိ ကြည်လင် ပြတ်သားနေပြီး
လယ်ကွင်းတွေ အနောက်ဖက်က တောအုပ် စိမ်းစိမ်းစိုစိုတွေကို အတိုင်းသား
မြင်နေရပါတယ်။ အဲဒါနဲ့ “ဟင် ဒါဆိုရင် ခုနက မြင်နေရတဲ့ ခပ်ဝါးဝါးမြင်ကွင်းက
မြူတွေကြောင့်လည်း မဟုတ်လောက်ဘူး။ မြူတွေသာ ဆိုင်းနေရင် ဒီဘက်က
မြင်ကွင်းကလဲ အစောကလို ခပ်ဝါးဝါးဖြစ်ရမှာ .. ခုကျတော့ အဲဒီလိုမဟုတ်ပါလား”
ဆိုပြီး ရွာဘက်ကို ပြန်လှည့်လို့ သေချာ ကြည့်တော့မှ ကျွန်မတို့ရွာကလေးဟာ
ဘာကြောင့်များ ခပ်ဝါးဝါးနဲ့ မြူတွေ ဆိုင်းသလို ဖြစ်နေရတာလဲ ဆိုတဲ့
အကြောင်းရင်းကို သဘောပေါက် နားလည်မိပါတော့တယ်။
တူးဆွထားတဲ့ နေရာတွေမှာ တည်ထားတဲ့ အိမ်ခြေကျေးရွာများ
ရွာဘေးပတ်လည်က လုပ်ကွက်ကျောက်တွင်းများ
အရှေ့ဘက်ခြမ်းမှာရှိတဲ့
လယ်ကွင်းတွေ၊ သစ်ပင်တွေရှိတဲ့အရပ်ဟာ ကျောက်တူးတဲ့ ကျင်းတွေ မရှိတဲ့
ချောင်းတစ်ဖက်ကမ်း ဖြစ်ပါတယ်။ ကျွန်မတို့ရွာကလေးရဲ့ ဘေးပတ်ပတ်လည်မှာတော့
ဘက်ဖိုး၊ ဘူဒိုဇာ စတဲ့ စက်ကရိယာတွေနဲ့ တူးနေတဲ့ ကျောက်တွင်းတွေ၊
မြေကြီးတွေကို တွင်းကနေတင်ပြီး အခြားတစ်နေရာကို ပစ်ဖို့ သယ်လာတဲ့
မြေသယ်ကားကြီးတွေ စသဖြင့် အများကြီး ရှိနေပါတယ်။ အဲဒီကနေ ထွက်လာတဲ့
မြေမှုန့်၊ ဖုန်မှုန့်တွေဟာ ကျွန်မတို့ရဲ့ ရွာကလေးကို ဖုံးလွှမ်းနေတာများ
ခုလို ခပ်လှမ်းလှမ်းခပ်မြင့်မြင့် တောင်ပေါ်ကနေ ကြည့်လိုက်လို့
မြင်ရတာဖြစ်ပါတယ်။ ကျွန်မစဉ်းစားမိတယ်။ ဒီရွာကလေးမှာ တစ်သက်လုံး
နေထိုင်လာတဲ့ ရွာသူရွာသားတွေ၊ နောက် ကျွန်မရဲ့ မိဘနဲ့ ညီအစ်ကို
မောင်နှတွေ.. သူတို့တွေဟာ ဖုန်မှုန့်တွေကို နေ့စဉ် ရှုရှိုက်နေခဲ့ရတာ
အဆုပ်ထဲမှာ ဖုန်မှုန့်တွေ ဘယ်လောက်များ ရှိနေပြီလဲလို့ တွေးမိပြီး ကျွန်မ
တော်တော်လေးကို ထိတ်လန့်သွားမိပါတယ်။ အဲဒီလို ထိတ်လန့်မိလို့
ကျွန်မမိဘတွေကို ဒီနေရာကနေ ပြောင်းရအောင် လို့များ ပြောလိုက်ရင်လဲ
ကိုယ်ကြီးပြင်းလာရာ ကိုယ့်မြေ၊ ကိုယ့်ဒေသမှာသာ တစ်သက်ပတ်လုံး နေထိုင်လာပြီး
ဒီမှာဘဲ ခေါင်းချ ချင်ပါတယ်လို့ ဒေသစွဲကြီးကြတဲ့ ကျွန်မမိဘတွေဟာ လက်ခံမှာ
မဟုတ်ပါဘူး။ ငါတို့ ဒီလိုဘဲ နေလာတာ ဘာမှမဖြစ်ပါဘူးဆိုပြီး ပြန်ပြောမှာ
သေချာတာက ၁၀၀ ရာခိုင်နှုန်းပါဘဲ။
အဲဒီတော့
ကျွန်မရဲ့ မွေးရပ်မြေ ကျွန်မတို့ရဲ့ ရွာကလေးဟာ ဒီကျောက်စိမ်းတွေ
မကုန်မချင်း ဖုန်မှုန့်တွေ ကြားမှာ နေကြရဦးတော့မယ် ထင်ပါရဲ့။
မိန်းခလေးတစ်ယောက် သိပ်ချောသိပ်လှရင် အဲဒီအလှအပကြောင့်
ဒုက္ခရောက်ရတတ်တယ်လို့ လူကြီးသူမတွေက ပြောတတ်ကြပါတယ်။ ကျွန်မတို့ ဒေသဟာလည်း
နာမည်ကျော် ထင်ရှားတဲ့ ကျောက်စိမ်းကြောင့် မြို့ရွာတွေ ဒုက္ခရောက်ကြရတာ
ဖြစ်ပါတယ်။ ကျွန်မပြန်သွားတဲ့အချိန်က မနှစ် နွေရာသီ သင်္ကြန်မှာပါ။
အဲဒီအချိန်တုန်းကတော့ လမ်းတွေက ဖုန်တစ်ထောင်းထောင်းနဲ့.. တစ်ရွာကနေ တစ်ရွာ
မှော်တစ်ခုကနေတစ်ခုကို သွားလာကြတဲ့သူတွေကို မျောက်ဖြူတွေ ဖြစ်စေတဲ့
လမ်းမျိုးပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ကျွန်မကလည်း ကိုယ့်ဒေသရဲ့
နေရာအနှံ့လျှောက်သွားပြီး ဓာတ်ပုံရိုက်ချင်သူဆိုတော့ ညီမလေးနဲ့
သူ့သူငယ်ချင်းတွေကို ခေါ်ပြီး မှော်အနှံ့ ရွာအနှံ့လျှောက်သွားလို့
ဓာတ်ပုံတွေ လိုက်ရိုက်ပါတော့တယ်။
မျက်နှာဖုံးတွေတတ်ပြီး ဘာတွေလုပ်မလို့ပါလိမ့်လို့ မတွေးပါနဲ့.. အဲဒီလိုမှ mask တွေမတတ်ရင် မျောက်ဖြူလိုဖြစ်သွားပါလိမ့်မယ်။း)
မှောင်ခို ဂိုဏ်းဝင်လိုလို. ဓားပြဂိုဏ်းဝင်လိုလို အနှီမျက်နှာဖုံးရှင်သည်ကား... :P
(ဒီပုံစံနဲ့ သွားခဲ့တဲ့ ခရီးအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တစ်ခါမှာ ရေးပါဦးမယ်)
မှောင်ခို ဂိုဏ်းဝင်လိုလို. ဓားပြဂိုဏ်းဝင်လိုလို အနှီမျက်နှာဖုံးရှင်သည်ကား... :P
(ဒီပုံစံနဲ့ သွားခဲ့တဲ့ ခရီးအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တစ်ခါမှာ ရေးပါဦးမယ်)
အဲသလိုဖုန်ထူတဲ့
လမ်းတွေဟာ မနှစ် တစ်နှစ်ကမှ အသစ်ဖြစ်လာတဲ့ လမ်းတွေပါ။ ဟိုးအရင်က ရှိခဲ့တဲ့
လမ်းဟောင်းတွေကတော့ ကျောက်တူးသူတွေရဲ့ လက်ချက်နဲ့ ခုတော့ မြေကျင်းကြီးတွေ
ဖြစ်ကုန်ပါပြီ။ ကျွန်မတို့ ရွာကလေးကို ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ
ကြည်ကြည်လင်လင် မရှိတာကြောင့် ကျွန်မရဲ့ ညီမလေးကို အခွင့်ကြုံတဲ့ တစ်နေ့
မြူမှုန်တွေလည်း မရှိတဲ့ တစ်နေ့မှာ ဓာတ်ပုံ ရိုက်ထားပေးဖို့ မှာပြီး ရွာကလေး
ကနေ ပြန်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာ ကျွန်မညီမလေးက ကျွန်မရဲ့ ဇာတိ
ရွာကလေးရဲ့ဓာတ်ပုံတွေ ရိုက်ပြီး ပို့ပေးလာပါတော့တယ်။
ရွာဦးထိပ်က ဘုရားကုန်းပေါ်ကနေ မြင်ရတဲ့ ရွာကလေးရဲ့ တစ်ပိုင်းတစ်စ ရှုခင်းပါ.။
ရွာဦးစေတီ
ဟိုးအနောက်က
မြေသား ခပ်မို့မို့ကတော့ ကျောက်တူးပြီး ရွာချောင်းဘေးတစ်လျှောက်
ဖို့ထားတဲ့ မြေစာတွေ ပါ။ ရေဘေး ကာကွယ်ရေးလို့ ခေါင်းစဉ်တတ်ပြီး
ချောင်းဘေးတစ်လျှောက်မှာ ခုလို ပုံထားပေမဲ့ ရွာရိုးတစ်လျှောက်ရဲ့
အခြားနိမ့်တဲ့ နေရာတွေကနေ ရေတွေ ဝင်နိုင်တာကိုတော့ မေ့နေပုံပါဘဲ။
မြေတွေခုလို ပုံထားတော့ ချောင်းရိုးက ပိုကျဉ်းမြောင်းသွားပြီး ရေတွေ
ပိုကြီးလာတာ ဘယ်သူတွေကြောင့်လို့ ဆိုရမလဲ..
အိမ်တွေထက် မြင့်နေတဲ့ မြေစာပုံကြီးကလည်း တောင်ကြီးတစ်လုံးပမာ ကြီးမားလွန်းလှပါတယ်
ဒီတံတားကတော့ နှစ်ပေါင်းများစွာ ကြာညောင်းပြီမို့ ခပ်ယဲ့ယဲ့သာ ကျန်တော့တဲ့ ရွာဦးတံတားပါ။ ကျောက်စိမ်းတွေ ထွက်သမျှ နိုင်ငံခြားဝင်ငွေများစွာ ရနေသော်လည်း တံတားခမြာ အသစ်ဆောက်နိုင်ခြင်း မရှိဘဲ ကျောက်မျက်ကုမ္ပဏီ များစွာတို့က ကားတွေ၊ ခရီးသည်တင်ကားတွေ၊ ကျောင်းသားလူငယ်တွေ အားလုံးတို့ဟာ အန္တရာယ်များစွာနဲ့ ကူးနေရဆဲ တံတားလည်း ဖြစ်ပါတယ်။
ကျွန်မကို ငယ်စဉ်ကနေ ခု အသက်အရွယ် အထိ ရောက်အောင် ကျွေးမွေးပြုစု
စောင့်ရှောက်ခဲ့တဲ့ ကျွန်မရဲ့ မိဘများနဲ့ နွေးထွေးစွာ ဂရုတစိုက် ရှိကြသော
ကျွန်မရဲ့ မောင်နှမများကို ကျေးဇူးအထူး တင်ပါတယ်။ သူတို့တွေဟာ ကျွန်မ
ဝါသနာပါရာကို လုပ်နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီခဲ့သူများ ဖြစ်ပါတယ်။
ကျွန်မတို့ရွာကလေးဟာ အခြားသော သာယာလှပတဲ့ မြို့ရွာများလို
ကြီးကျယ်ခမ်းနားခြင်း၊ ထည်ဝါ သန့်ရှင်းခြင်း စသည်ဖြင့် ဘာမှ မရှိသော်လည်း
ဒီရွာကလေးမှာ ကြီးပြင်းလာတဲ့ ကျွန်မအနေနဲ့တော့ ရွာကလေးကို ဘယ်လိုအခြေအနေဘဲ
ရောက်ရောက် ချစ်ခင်နေမှာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ကျွန်မရဲ့ ရွာမအကြောင်းကို
အမှတ်တရ ရေးချင်မိတာကြောင့် ရေးဖြစ်သွားပါတယ်။ ရွာကလေး ခုထက်ပိုပြီး
တိုးတက်လာဖို့၊ စည်ပင်ဝပြောလာဖို့၊ သန့်ရှင်းသပ်ရပ်တဲ့
ရွာကလေးဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒီနေရာလေးဟာ ကျွန်မကို
မွေးဖွားခဲ့တဲ့ရွာ၊ ကျွန်မရဲ့ မိဘတွေ ချစ်ခင်မြတ်နိုးတဲ့ ကျွန်မချစ်သော
ရွာကလေးလည်း ဖြစ်ပါတယ်။ ကျွန်မတို့ ရွာကလေး ထာဝရ ငြိမ်းချမ်း
တည်မြဲပါစေလို့ ဆန္ဒပြင်းပြစွာ ဆုတောင်းမိပါတယ်ရှင်..