Welcome Guest!
twitter facebook rss

,

ရတနာဘုံမြင့်

အချိန်တွေ ပိုသစ်လေ အဟောင်းတွေက ပိုတန်ဖိုးရှိလေ။ မော်လမြိုင်ရဲ့ အထင်ကရ ကျိုက်သန်လန်ဘုရားဘေးမှာ ရတနာဘုံမြင့် ကျောင်းဆိုတာ နှစ်ပေါင်း ၁၀၆ နှစ်ရှိသွားပြီ။ သက်တော် ၈၀ ရှိ ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသကို လျှောက်တော့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့ သမိုင်းသုတေသနဌာနတို့ဆိုတာ လာပြီး အာရိုက်ရုံပဲတဲ့။ ဘာအထောက်အပံ့မှ မရဘူးတဲ့၊ ကိုယ့်ဘာသာကျောင်းကြီးကို စောင့်လျှောက်နေရတယ်တဲ့။ ဒီကြားထဲ အရုပ်တွေ ဖြုတ်ခိုးတာခံရတယ်တဲ့။ ကျောင်းက မင်းတုန်းမင်းရဲ့ မိဖုရားတဦးဖြစ်တဲ့ စိန်တုံးမိဖုရား ဆောက်ခဲ့တာတဲ့။ ဆရာတော်က မြင်းခြံက ကြွလာပြီး ဒီကျောင်းမှာ ထိုင်တာ ၃၇ နှစ်ရှိပြီတဲ့။ သူထိုင်တဲ့သမိုင်းမှာ ကျောင်းလုတာလည်း ကြုံရတယ်တဲ့။ ဆရာတော် ထိန်းသိမ်းထားလို့ နဂိုလက်ရာအတိုင်း ကျောင်းထဲမှာ ကျန်နေတာတွေက တကဲ့ သမိုင်းအမွေအနှစ်တွေပါ။ သဒ္ဒါပေါက်ပြီး ဆရာတော်ဝေယျာဝစ္စအတွက် ဝတ္ထုကပ်ခဲ့တယ်။















0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma