Welcome Guest!
twitter facebook rss

,

နတ်ဆေးဂမုန်း






ချင်းပြည်မှအပင်များ နတ်ဆေးဂမုန်း Family Saxifragraceae ..ချင်းပြည်နဲ့ ဒီအပင်ကတော့ခွဲခြားလို့ကို မရတာပါ။ ချင်းပြည်နယ်ရဲ့အမှတ်တဆိပ် တခုလိုပါဘဲ။ နတ်ဆေးဂမုန်းအပင်တွေဟာ အခုလိုမြင့်မားလှတဲ့ ကျောက်ကမ်းပါးအမြင့်ကြီးတွေမှာဘဲတွယ်ကပ်ပေါက်တတ်တဲ့ပင်ပြော့လေးတွေပါ။ ဆေးဖက်ဝင်rhizomes တွေကကျောက်သားမြေထဲမှာပါ။ အပင်ကိုရဖို့အတွက် မြင့်မားလှတဲ့နံရံကို တွယ်တက်ရာမှာ အလွန်အနရာယ်များလှပါတယ်။ ဒါပေမဲ့ MSc ကျောင်းသားလေးကတော့ သုတေသနအတွက် တွယ်တက်ရာမှာပေါ့ပါ့ပါးပါးပေမဲ့ ကျနော့်အတွက်ကတော့ မလွယ်ကြောပါ။ ဆေးဘက်ဝင်နတ်ဆေးဂမုန်းပင်တွေကတော့ အခုဆိုရင် အတော်ကိုရှားပါးစပြုနေတာကို တွေ့ရမှာပါ။ သဘာဝ ဆေးဝင်ပင်တွေကို မျိုးတုံးမသွားအောင် ထိမ်းသိမ်းသင့်လှပါတယ် ဒီအတိုင်းမထိမ်းသိမ်းခဲ့ရင်နောင်နှစ်အနဲငယ်မှာ ပျောက်ကွယ်သွားနိုင်ပါတယ် kothetnaing Kalay Uni 2013

ချင်းပြည်နယ်မှအပင်များ နတ်ဆေးဂမုန်း .....ဒီအပင်ကို သုတေသနလုပ်ဖို့ MSc ကျောင်းသားသူ ၃ ယောက် နဲ့ တီးတိန်မြို့နယ်လေထန်ကုန်းကို မနေ့က ခရီးထွက်ရာမှာ နတ်ဆေးဂမုန်းအပင်တွေ အတော်ကိုရပါတယ်။ အပင်ကိုရရင်ဘဲ taxonomic data ကို ချက်ခြင်းရေးသွင်းခြင်း။ Location ကို GPS နဲ့မှတ်သားခြင်း specimens ကိုစနစ်တကျစုဆောင်းခြင်း တို့ကိုဆောင်ရွက်ရပါတယ် ရှားပါးအပင်မို့လည်း တပည့်တွေနဲ့ အခုလိုလုပ်ရတာ အရမ်းပျော်စရာပါ နတ်ဆေးဂမုန်းဟာ ထူးခြားလှပြီး သူ့ရဲ့မြေအောက်ပင်စည်ဟာ ချိုးဖဲ့ကြည့်ရင် သင်းပြန့်တဲ့ရနံ့ရှိပါတယ် အရွက်တွေကနီရင့်ရောင်ရှိပြီး အဝေးကကြည့်ရင်ကိုသိသာလှပါတယ် kothetnaing Kalay Uni 2013

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma