Welcome Guest!
twitter facebook rss

,

မန္တလေး နန်းတော် သီပေါမင်း အနွယ်တော်များ ပြန်ပြုပြင်ချင်


နန်းတော် ပရ၀ုဏ်ကို ၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ပြန်လည် တည်ဆောက်ခဲ့ပြီး “မြနန်းစံကျော် ရွှေနန်းတော်” ဟု ယနေ့ အများက သိကြသည် (ဓာတ်ပုံ – nationmultimedia.com)
 ကျော်ဆုမွန်
မြန်မာနိုင်ငံကို နောက်ဆုံးအုပ်စိုးခဲ့သူဖြစ်သည့် သီပေါဘုရင်၏ ကျန်ရစ်သူ ဆွေတော်မျိုးတော်များက မန္တလေးရှိ နန်းတော် ဟောင်းကို ပြန်လည်ပြင်ဆင်နိုင်ရန် မျှော်လင့်နေကြပြီး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ခွင့်ပြုချက်ရရှိရေး အတွက် သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုရန် စီစဉ်လျက်ရှိသည်။
၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ကုန်းဘောင်မင်းဆက်မှ မင်းတုန်းမင်းက မန္တလေး နန်း တော်ကို ၁၈၅၇ ခုနှစ် တွင် တည်ဆောက်ခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ဗြိတိသျှတို့က မြန်မာထီးနန်းကို သိမ်းပိုက်လိုက် ပြီးသည့်နောက်တွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်သွားခဲ့ရပြီး မင်းတုန်းမင်း၏ နေရာကို ဆက်ခံသူဖြစ်သည့် သီပေါမင်းကို အိန္ဒိယနိုင်ငံ ရတနာဂီရိ သို့ပို့ခဲ့သည်။
ဒုတိယကမ္ဘာစစ် အတွင်းတွင် မဟာမိတ်တပ်ဖွဲ့များ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မန္တလေး နန်းတော် အကြီးအကျယ် ပျက်စီး သွားခဲ့ပြီး ကျုံးနှင့် မြို့ရိုးသာ ကျန်ရစ်ခဲ့ပါသည်။
နန်းတော် ပရ၀ုဏ်ကို ၁၉၈၀ နှောင်းပိုင်းနှစ်များတွင် ပြန်လည် တည်ဆောက်ခဲ့ပြီး “မြနန်းစံကျော် ရွှေနန်းတော်” ဟု ယနေ့အခါတွင် အများကသိကြသည်။
နန်းတော်ထဲတွင် မင်းတုန်းမင်းနှင့် မိဖုရား သုံးပါးတို့၏ အုတ်ဂူများရှိသည်။ မင်းတုန်းမင်းသည် သီပေါမင်း၏ ခမည်းတော် ဖြစ်ပြီး သီပေါမင်း၏ မယ်တော်ဖြစ်သူ လောင်းရှည် မိဖုရား၏ အုတ်ဂူလည်း နန်းတော်တွင်းတွင်ရှိသည်။
ရန်ကုန်တွင်နေထိုင်သည့် သီပေါမင်း၏ မြစ်တော်စပ်သူတဦးဖြစ်သော ဦးစိုးဝင်းက မင်းတုန်းမင်း၏ အခြားသော အဆက် အနွယ်များနှင့် ဆက်သွယ်ပြီး နန်းတော် ပြန်လည် မွန်းမံပြင်ဆင်ရေးတွင် ၎င်းတို့ထံမှ အထောက်အပံ့ စုဆောင်းရရှိနိုင်ရန် ကြိုးစား နေသည် ဟု ပြောသည်။ မင်းတုန်းမင်းတွင် မိဖုရားကြီး ၃ ပါး နှင့် ကိုယ်လုပ်တော် မိဖုရားငယ် ၅၀ ကျော်ရှိသည့် အတွက် အဆက်အသွယ်ရရှိရေးသည် လွယ်ကူသော တာဝန်တရပ်မဟုတ်ချေ။
“ကျနော်တို့ အနွယ်တော်တွေ အနေနဲ့ ရွှေနန်းတော်ကို ထိန်းသိမ်းသင့်ပါတယ်။ အစိုးရက တာဝန်ယူထားတယ်ဆိုပေမယ့် နန်းတော်ထဲက တကယ်ကို အခြေအနေဆိုးနေတဲ့ နေရာတချို့ကို ကျနော်တို့ ပြန်လည်ပြုပြင်ချင်ပါတယ်” ဟု သူက ပြော သည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရက နန်းတော် ပြင်ဆင်ထိန်းသိမ်းမှုအတွက် ကျပ် သန်း ၁၀၀ သာချထားပေးခဲ့ပြီး ထိုပမာဏ သည် လုပ်ဆောင်ရန်ရှိနေသည်များအတွက် လုံလောက်မှုမရှိဟုလည်း သူက ထပ်ပြောသည်။
“ကျနော်တို့ ဘိုးတော် ဘေးတော်တွေရဲ့ ဂူတွေကလည်း မှတ်မိနိုင်စရာ မရှိတော့ဘူး။ နန်းတော်ကို လာလေ့လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အများစုကတောင် အုတ်နန်းပြသာဒ်တွေရှိနေဆဲပဲဆိုတာ မသိတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ အနွယ်တော်တွေ အနေနဲ့ ဒီအုတ်နန်းပြသာဒ်တွေကို ပထမဆုံး ပြန်လည်ပြင်ဆင်လိုပါတယ်” ဟုလည်း ဦးစိုးဝင်းက ပြောသည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်းက ပြည်နှင်ဒဏ်သင့်ခဲ့ရသည့် သီပေါမင်း၏ ဘ၀နောက်ဆုံး အချိန်များတွင်နေထိုင်သွားခဲ့သော အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ သမ္မတဦးသိန်းစိန် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် ဦးစိုးဝင်းလည်း သမ္မတနှင့် အတူလိုက်ပါ ခွင့်ရရှိခဲ့ပြီး သီပေါမင်း၏ ကြွင်းကျန်သည့် ရုပ်ကလပ်ကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ရေးအတွက် အဆိုပြုခဲ့ သည်။ သမ္မတဦးသိန်းစိန်၏ ခရီးစဉ် မတိုင်မီ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် လွှတ်တော်တွင်လည်း ထို အဆိုပြုချက်ကို မှတ်တမ်းတင်ခဲ့သည်။
“သီပေါမင်းရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်လည် သယ်ယူရေးအတွက် လွန်ခဲ့တဲ့နှစ် သမ္မတနဲ့ စကားပြောခဲ့တုန်းက ကျနော် အဆိုပြုခဲ့ပါတယ်။ အခုလည်း မန္တလေးက မင်းတုန်းမင်းရဲ့ အနွယ်တော်တွေနဲ့ ပြောဆိုတိုင်ပင်ပြီးရင် ဦးသိန်းစိန် ဆီကို အဆိုပြုစာတစောင် ထပ်ပြီးတော့ပေးပို့ပါဦးမယ်” ဟု ဦးစိုးဝင်းက ဆိုသည်။
“ကျနော်တို့က သီပေါ အနွယ်တွေဖြစ်တယ်ဆိုပေမယ့် မင်းတုန်းမင်းကလည်း ကျနော်တို့ရဲ့ ဘိုးဘေးဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့ အနွယ်တော်တွေနဲ့လည်း စကားပြောဖို့လိုပါတယ်။ သူတို့ အများစုက မန္တလေးမှာ နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ဦးစိုးဝင်း၏ တူဖြစ်သော ဦးကျော်သီဟ ကလည်း မန္တလေးနန်းတော်ကို ပြင်ဆင်နိုင်ရေးအတွက် အားထုတ်နေသော ဦးလေး ဖြစ်သူကို ကူညီနေကြောင်းပြောသည်။ မန္တလေးမှ အနွယ်တော်များနှင့် ပြောဆိုဆွေးနွေးပြီးနောက် ပြင်ဆင်ရေးလုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်မည့် ကော်မီတီတခု နောက်လာမည့်နှစ်အတွင်း ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း သူကပြောသည်။
“နန်းတော်ဝင်းထဲမှာ ပြသာဒ်အမိုးတွေဆိုလည်း တော်တော်ပျက်စီးနေပြီ။ နန်းတော်ရဲ့ တခြားအစိတ်အပိုင်းတွေကလည်း ဒီလိုပဲ။ အထူးသဖြင့် ကျနော်တို့ ဘိုးတော်ဘေးတော်တွေ ရဲ့ အုတ်ဂူတွေက ခြုံတွေဖုံးနေပြီ။ ကျနော်တို့ ဒါတွေကို ပျက်စီး သွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ပြန်လည်ပြင်ဆင်ခွင့်ရဖို့ သမ္မတဆီကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်သီဟ က ဆိုသည်။
“မန္တလေးက ကျနော်တို့ရဲ့ ဆွေတော်မျိုးတော် အများစုကလည်း သူတို့ရဲ့ ဘိုးတော် ဘေးတော်တွေရဲ့ ဂူတွေကို ကိုယ်ပိုင် ပိုက်ဆံနဲ့ ပြင်ချင်ကြတယ်။ ကျနော်တို့ ခွင့်ပြုချက်ရမယ်ဆိုရင် ပထမဆုံး မင်းတုန်းမင်းရဲ့ ဂူကိုပြင်မယ်။ ပြီးရင် သူ့ရဲ့ မိဖုရား တွေရဲ့ အုတ်ဂူတွေကို ဆက်ပြင်ပါမယ်” ဟု သူကပြောသည်။
နန်းတော်၏ အတွင်းဖက်တွင် အမိုးပြသာဒ် ၂၄ ခုအနက်မှ ၁၀ ခုမှ မူလဗိသုကာ လက်ရာအတိုင်း ရှိနေသေးသည်။ ကျန်နေရာများကို ယခင်စစ်အစိုးရလက်ထက်တွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တော်ဝင်မိသားစုဝင်များက နန်းတော်ကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်များပြုလုပ်နေစဉ် မန္တလေးတိုင်း ဒေသကြီး အစိုးရ ကလည်း နန်းတော်ကို မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်နေထိုင်ခဲ့ရာ သမိုင်းဝင်နေရာတခုအဖြစ် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ရန် လုပ်ဆောင်နေသည်။
၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ကျော်ကြားသည့် နန်းတော်နေရာတွင် စီးပွားဖြစ်ခရီးသွားလုပ်ငန်းကို စီမံခန့်ခွဲရေး အတွက် တင်ဒါတင်သွင်းဖို့ ကုမ္ပဏီ အများအပြားကို ဖိတ်ခေါ်ခဲ့သည်။ တင်ဒါ အောင်မြင်သူသည် အများပြည်သူနှင့် ဆိုင် သောပန်းခြံများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များကဲ့သို့သော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အချက်များ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန ဌာနမှ  နန်းတော်စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် အလုံးစုံလုပ်ပိုင်ခွင့်ကို ဆက်လက် ထိန်းချုပ်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။
http://burma.irrawaddy.org

0 comments

Readers Comments

Latest Posts

အမေရိကန် ဖို့တ်ဝိန်း နဲ့ မော်လမြိုင်ကို ညီအမမြို့တွေ အဖြစ် သဘောတူသတ်မှတ်

မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ် Photo: RFAအမေရိကန်ပြည်ထောင်စုက မြန်မာလူမျိုးအများအပြားနေထိုင်တဲ့ ဖို့တ်ဝိန်း (Fort Wayne) မြို...

Read in full »
ကော့ကရိတ်ကျား ရုပ်လုံးသွင်းမည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှုး ဗိုလ်မှုးကြီး စောချစ်သူ ၏ ...

ကျောက်ပိဘုရား

မွန်ပြည်နယ်ဘီးလင်းမြို့နယ်ကကျောက်ပိဘုရားက ကျောက်တံခါး...

မြသိန်းတန်စေတီ

သီတာခုနှစ်တန်ကို ဗိသုကာပညာနဲ့ပုံဖော်ထားတဲ့မြသိန်းတန်စေတီပါ  ထာဝရ.မန္တေ...

City Life Burma

Featured Video

Bago

မိုးယွန်းကြီးအင်း

Photo  :  Htein Lin...

Read in full »

Irrawaddy

ပုသိမ်မြို့ ရေကြည်ရေနောက်

  Photo : Moe Kyaw ပုသိမ်မြို့ ရေကြည်ရေနောက်ကန်နှင့် လေးကျွန်းရန်အောင်ဖေါင်တော်ဦးစေတီတော် ၏မြင်ကွင်လေးပါ။...

Read in full »
စကြ်ာနန္ဒစကြ်ာသီဟဘုရား၊မြောင်းမြ

မြောင်းမြမြို့ဦး မြစ်ကမ်းနဘေးကစကြ်ာနန္ဒ စကြ်ာသီဟ ဘုရား Photo : Nyo Nyo Han ...

မဟာပုညရံသီဆုတောင်းပြည့်စေတီတော်ကြီး တရားပွဲတော်ကြီး

Photo : Chan Myay (၁၁)ကြိမ်မြောက် မဟာပုညရံသီဆုတောင်းပြည့်စေတီတော်ကြီး တ...

ပုသိမ်၊င၀န်မြစ်။

Moe Kyaw ပုသိမ်မြို့ င၀န်မြစ်၏ညနေဆည်းဆာ ...

ပုသိမ်မြို့ကြည်ညိုဖွယ်ဘုရားများ

Moe Kyaw ပုသိမ်မြို့ င၀န်မြစ်၏ညနေဆည်းဆာနှင့် ကြိုးတံတားအနီးရှိ လောကနန္ဒာစေတီ...

Shan

ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများ ပြည့်စုံနေသည့် စွမ်ဟိန်းဂူ (ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော် ဆီသို့ ......

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များသည် ပြည်ထောင်စု ကားလမ်းမကြီးဖြင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည...

Read in full »

City Life Burma

Mon

Bago

City Life Burma