Welcome Guest!
twitter facebook rss

,

ဆိပ်ဖလူး

ချင်းပြည်နယ်ကအပင်များ “ဆိပ်ဖလူးပင် “ Botanical name: Nyctanthes arbor-tristis L. Common Names: Night-flowering jasmine, Seik-hpalu . Family Oleaceae (စပယ်မျိုးရင်းထဲမှာပါဝင်ပါတယ်).ဒီရက်ပိုင်းမှာမိုးပြေးလေးနဲ့အတူပွင့်တဲ့ ဆိပ်ဖလူးပန်းလေးတွေပါ၊ အီနောက်နောက်လေးနဲ့ သင်းပြန့်တဲ့ရနံ့နဲ့ပွင့်တဲ့ပန်းလေးတွေပါ၊ အရမ်းမွှေးပါတယ်၊ ကျနော်ကတော့ရနံ့ကိုအရမ်းကြီးမနှစ်သက်လှဘူးဗျ၊ ရနံ့ကနဲနဲမွှေးလွှန်းတယ်၊ညဦးပိုင်းကနေတညလုံးပွင့်ပြီးရင်တော့ မနက်စောစောအပင်အောက်ခြေ မြက်ခင်းပေါ်မှာဖွေးဖွေးလှုပ်အောင် ကြွေကျနေတတ်ပါတယ် သဘာဝပေါက်ပင်မဟုတ်ဘဲအလှအပအတွက်စိုက်ပျိုးရတဲ့အပင်ပါ၊ငယ်ငယ်ကဖတ်ဖူးတဲ့ကဗျာထဲကလို “ ရွာလယ်ပေါင်းကူးတံတားဦးမှ ဆိပ်ဖလူးနံ့ရွာလုံးပြန့်၏” ဆိုတဲ့အပိုဒ်လေးကိုပြန်သတိရမိတယ်၊ ပွင့်ချပ်အုံအ၀ိုက်လေးတွေက အဖြူရောင်ဖြစ်ပြီး ၊ပွင့်ချပ်အုံပြွန်လေး corolla tube လေးကပုဇွန်ဆီရောင်အသွေးနဲ့ တကယ်လှတဲ့ပန်းကလေးတွေပါ။ ဒီအပင်နဲ့ပတ်သက်ပြီး Flora of Pakistan မှာတော့ Nyctanthes arbor-tristis Linn., Sp. P1. 6. 1753. C.B. Clarke in Hook. f., l.c. 603; Parker, For. Fl. Punj. ed. 3: 318. 1956. Vern. Harsingar, Kuri. Trees up to 10 m high. Branches quadrangular; bark grey or greyish-green. Leaves up to 10 cm long and 5 cm broad, coriaceous, covered with stiff white hairs ; petiole up to 1 cm long. Flowers fragrant, in 3-7 flowered pedunculate heads. Corolla tube c. 1 cm long, orange red; lobes 5-7 mm long, patent, whitish. Fl. Per.: August-October. Fruit: cold season.Type: “Habitat in India”. Grown for its fragrant flowers. Leaves are used for polishing wood and in country medicine as a febrifuge. From the corolla tube an orange dye is extracted. လို့ရေးသားထားပါတယ်။ ဆိပ်ဖလူးပင်ဟာပဥစငါးပါး ဆေးဝင်တဲ့အပင်ပါ၊ အရှင်နာဂသိန်ဆေးကျမ်းထဲမှာ အပင်၏ botanical name ကို Nyctonthes Arbrtristis ဟုဖေါ်ပြထားပါသည် နာမည် အမှန်ကိုပြန်လည်ရေးသားပေးထားပါတယ် (ကျမ်းကိုး Ref: Checklist 2003 ) ရေးသားရာမှာလည်း species အမည်ကို arbor-tristis လို့ရေးသားမှမှန်ကန်ပါတယ်။ ဆေးကျမ်းထဲမှာ အခေါက် သည် ခါး၏၊ချဉ်၏၊ အရွက် ခါးစပ်၏၊ ပဥစငါးပါး ချို၏၊၊ သတိအေး၏ ဆိုထားပါသည်၊ဆေးကျမ်းထဲတွင် ဂုဏ်နှင့်စွမ်း ရည်ကိုဖေါ်ပြရာတွင် ပဥစငါးပါးပြေပြစ်၏၊ ကိုယ်ဝန်ကိုကြီးထွားစေ၏၊ ချုပ်၏၊ဆံပင်ကိုအကျိုးပြု၏၊အန်စေ၏၊ပိုးတို့ကိုဖြစ်ပွားစေ၏၊ အပူ မြင်းသရိုက်ဓတ်တို့တွင်ဖြစ်သောရောဂါ၊မီးယပ်နာ၊ဆံပင်ကျွတ်၊ ထောပတ်နှင့်ကျော်ထားသောဆိပ်ဖလူးပွင့်မှာ ချမ်းသာစွာ သွေးကိုလာစေ၏၊ အရွက်သည် သလိပ်တို့ကိုနိုင်၏၊ အခေါက်ကိုကွမ်းထဲထည့်စားလျှင် ချောင်းဆိုးပျောက်၏၊ အခေါက်ဆီကိုမျက်စေ့ကိုက်ခဲခြင်း၊ အရေပြားရောဂါ၊ အဆုပ်ပြွန်ရောင်ရန်းခြင်း၊ အဖျားပျောက်၏၊ ပိုးကိုသေစေ၏၊ ……...စသဖြင့် ပျောက်ကင်းနိုင်သောရောဂါများ ကုသပုံဆေးနည်းအသေးစိတ် ကိုစာမျက်နှာ ၃ မျက်နှာခန့် အကျယ်တ၀င့်ဖေါ်ပြထားတာကိုမှတ်သားရပါသည်။ ပျောက်ကင်းနိုင်သောရောဂါများ ကလည်းအများကြီးပင်ဖြစ်ပါသည်။ ရိုးသားစွာတင်ပြရရင် ကျနော်က ဆိပ်ဖလူးပင် ကို မြင်ခဲ့ပုံကသာမန်သာဖြစ်ပါတယ်၊ကျောင်းသားတွေကို Morphological charactersသင်ရုံသက်သက်သာသိစေခဲ့တာပါ၊ အခုလောက်ထိဆေးဖက်ဝင်မှန်းမသိရိုးအမှန်ပါ၊ အခုကြတော့ အလှအပတွင်သာမကတိုင်းရင်းဆေးတွင်ပါအစွမ်းထက်သောအပင်တပင်အနေနဲ့ အသိမှတ်ပြုလာရပါတယ်။ ဆရာတော်ကြီးမှတ်တမ်းတင်ခဲ့လို့သာနောက်လူများလေ့လာနိုင်တာပါ (ThetNgOoKalayUni 9-13)

0 comments

Readers Comments

Latest Posts

အမေရိကန် ဖို့တ်ဝိန်း နဲ့ မော်လမြိုင်ကို ညီအမမြို့တွေ အဖြစ် သဘောတူသတ်မှတ်

မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ် Photo: RFAအမေရိကန်ပြည်ထောင်စုက မြန်မာလူမျိုးအများအပြားနေထိုင်တဲ့ ဖို့တ်ဝိန်း (Fort Wayne) မြို...

Read in full »
ကော့ကရိတ်ကျား ရုပ်လုံးသွင်းမည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှုး ဗိုလ်မှုးကြီး စောချစ်သူ ၏ ...

ကျောက်ပိဘုရား

မွန်ပြည်နယ်ဘီးလင်းမြို့နယ်ကကျောက်ပိဘုရားက ကျောက်တံခါး...

မြသိန်းတန်စေတီ

သီတာခုနှစ်တန်ကို ဗိသုကာပညာနဲ့ပုံဖော်ထားတဲ့မြသိန်းတန်စေတီပါ  ထာဝရ.မန္တေ...

City Life Burma

Featured Video

Bago

မိုးယွန်းကြီးအင်း

Photo  :  Htein Lin...

Read in full »

Irrawaddy

ပုသိမ်မြို့ ရေကြည်ရေနောက်

  Photo : Moe Kyaw ပုသိမ်မြို့ ရေကြည်ရေနောက်ကန်နှင့် လေးကျွန်းရန်အောင်ဖေါင်တော်ဦးစေတီတော် ၏မြင်ကွင်လေးပါ။...

Read in full »
စကြ်ာနန္ဒစကြ်ာသီဟဘုရား၊မြောင်းမြ

မြောင်းမြမြို့ဦး မြစ်ကမ်းနဘေးကစကြ်ာနန္ဒ စကြ်ာသီဟ ဘုရား Photo : Nyo Nyo Han ...

မဟာပုညရံသီဆုတောင်းပြည့်စေတီတော်ကြီး တရားပွဲတော်ကြီး

Photo : Chan Myay (၁၁)ကြိမ်မြောက် မဟာပုညရံသီဆုတောင်းပြည့်စေတီတော်ကြီး တ...

ပုသိမ်၊င၀န်မြစ်။

Moe Kyaw ပုသိမ်မြို့ င၀န်မြစ်၏ညနေဆည်းဆာ ...

ပုသိမ်မြို့ကြည်ညိုဖွယ်ဘုရားများ

Moe Kyaw ပုသိမ်မြို့ င၀န်မြစ်၏ညနေဆည်းဆာနှင့် ကြိုးတံတားအနီးရှိ လောကနန္ဒာစေတီ...

Shan

ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများ ပြည့်စုံနေသည့် စွမ်ဟိန်းဂူ (ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော် ဆီသို့ ......

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များသည် ပြည်ထောင်စု ကားလမ်းမကြီးဖြင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည...

Read in full »

City Life Burma

Mon

Bago

City Life Burma