Welcome Guest!
twitter facebook rss

,

ပေါက်တောမြို့နယ်မှ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



Friday, December 6, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နီလာပဗ္ဗတ တောင်ထိပ်တွင် တည်ထား ကိုးကွယ်လျက် ရှိသော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၈ ရက် အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားမှာ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နီလာပဗ္ဗတ တောင်ထိပ်တွင် တည်ထား ကိုးကွယ်လျက် ရှိပြီး စစ်တွေမြို့မှ ရေကြောင်း ခရီးဖြင့်သာ သွားလာနိုင်ကာ ရေမိုင် ၁၂ မိုင်ခန့် ကွာဝေးသည်။

ပွဲတော် ရက်များအတွင်း ပျော်ပွဲရွှင်ပွဲများအဖြစ် အဆင့်မြင့် ဇာတ်သဘင်များဖြင့် ဖျော်ဖြေ ပေးသွားမည် ဖြစ်ပြီး ဘုရားပွဲတော် ရက်များအတွင်း ဆင်တက်မော် မြစ်ကမ်းနံဘေးနှင့် စိုးမဲကျီ ဆိပ်ကမ်း တောင်ပေါ်လမ်း တစ်လျှောက်တို့တွင် ယာယီ ဖွင့်လှစ်ရောင်းချသော စားသောက်ဆိုင်များ ရှိကြောင်း သိရသည်။

ဆံတော်ရှင် ရင်ပြင်တော်၌ ရှိသော ကျောင်း၊ သိမ်၊ ဇရပ်များတွင်လည်း ဘုရားဖူးများ စိတ်အေး ချမ်းသာစွာ အခမဲ့ တည်းခိုနိုင်ရေးနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ လာရောက် ဖူးမြော်ကြည်ညို ကြရာတွင် သွားလာရေး လွယ်ကူစေရန် အတွက် စစ်တွေ၊ ပေါက်တော မြို့နယ်များမှ မော်တော်များ၊ သင်္ဘောများ၊ အမြန်ရေယာဉ်များဖြင့် ပြေးဆွဲပေးခြင်း၊ တောင်ကျော်လမ်းများ ကောင်းမွန်အောင် ပြုပြင်ပေးခြင်းများ ကိုလည်း ဂေါပက အဖွဲ့က စီစဉ်ထားကြောင်း သိရသည်။

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma