Welcome Guest!
twitter facebook rss

,

မုံရွာ

 The Voice Weekly
မန္တလေး - စစ်ကိုင်းက လာမယ်ဆိုရင် မုံရွာမရောက်ခင်မှာ ကမ္ဘာ့အမြင့်မားဆုံး ရပ်တော်မူ ဗောဓိတစ်ထောင် ဘုရားကြီးကို ဖူးတွေ့ရမှာပါ။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးက ၁၉၉၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၁၂နှစ်ကြာ တည်ဆောက် ခဲ့ပါတယ်။ ဉာဏ်တော်အမြင့် ပေပေါင်း ၄၂၄ ပေမြင့်မားပြီး ယခင်က ဂျပန်နိုင်ငံ “ယူရှီကူအမိဒ” ရပ်တော်မူဘုရားကြီးက ဉာဏ်တော်အမြင့်ပေ ၃၉၃ ပေ ၉ လက်မနဲ့ ကမ္ဘာ့စံချိန် တင်ခဲ့ကြောင်းကို ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးရဲ့ ဘဝမှတ်တမ်း စာအုပ်မှာ ဖော်ပြထားပါတယ်။
 The Voice Weekly
တောသူဌေးကြီး ဦးရွှေဘနဲ့ တပည့်တပန်းတွေက သဘာဝကျောက်တုံးကြီး တွေကို ခက်ခက်ခဲခဲ ထွင်းထုပြီး ရုပ်ပွားတော်တွေ၊ မဏ္ဍပ်တွေ၊ မီးဖိုဆောင်၊ သောက်ရေအိုးစင်၊ ဇရပ်ပါမကျန် တောင်တစ်ခုလုံး ထွင်းထုခဲ့တာပါ။ အညာဒေသရဲ့ ရောမမြို့တော်ကို ရောက်သွားသလား အောက်မေ့ရပါတယ်။
 The Voice Weekly
မြို့ထဲကိုဘယ်လမ်းကပဲ ဝင်ဝင် လူသုံးယောက်ဖက်ရတဲ့ တမာပင်တန်းကြီး တွေက ဒီမြို့မှာပဲ ရှိတယ်လို့ မုံရွာသူ မုံရွာသားတွေက ဂုဏ်ယူပြီး ပြောရလောက်အောင် ပါပဲ။ မုံရွာမြို့ရဲ့ အဓိက လမ်းမကြီးတွေ တစ်ဖက်တစ်ချက်မှာ တမာပင်တန်းကြီးကို တစ်မျှော်တစ်ခေါ် တွေ့ရမှာပါ။
မုံရွာမြို့ထဲကို ဘယ်လမ်းကပဲဝင်ဝင် မြင်တွေ့နိုင်တဲ့ မြင်ကွင်းပါ။ မြို့ထဲကိုဝင်တဲ့ လမ်းမကြီးတွေရဲ့ ဘေးမှာ ထနောင်းပင်တန်းတွေ၊ အညာဒေသ တမာပင်တန်း တွေက အညာဒေသ မြို့တစ်မြို့ရဲ့ ပုံရိပ်ကို ပေါ်လွင်စေပါတယ်။
 The Voice Weekly
မြန်မာလက်မှုအနုပညာ ယွန်းထည်လုပ်ငန်းကို လေ့လာချင်တာပဲ ဖြစ်ဖြစ်၊ ယွန်းထည်ပစ္စည်း တွေကို ဝယ်ချင်တာပဲဖြစ်ဖြစ် ရွှေဂူနီဘုရားကြီး ဈေးတန်းမှာ လေ့လာဝယ်ယူလို့ ရနိုင်ပါတယ်။ ကျောက္ကာယွန်းထည် တွေကို ပုဂံအထိ ပို့ပြီး ရောင်းရတယ်လို့လည်း ဒေသခံတွေက ဆိုပါသေးတယ်။
 The Voice Weekly
မုံရွာမှာ ဆိုက်ကားနင်းတဲ့ ဆိုက်ကားဆရာတွေ ကတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည် တွေကို မျှော်နေပါတယ်။ ဆိုက်ကားကို ဇိမ်ကျကျ စီးရတဲ့အပြင် သူတို့က သုံးရက်စာလောက် ပိုက်ဆံ ပေးသွားတတ်ပါသေးတယ်။
 The Voice Weekly
စောင်းတန်းတစ်လျှောက်မှာ ဗောဓိတစ်ထောင် ဒေသထွက် သနပ်ခါး၊ ကျောက်ပြင်၊ ဓားသွေးကျောက် တွေနဲ့ ငရုတ်ဆုံ မျိုးစုံကိုလည်း ဝယ်လို့ရပါတယ်။ တခြားဒေသ တွေထက် ဒီနေရာမှာ သနပ်ခါးဝယ်တာ ပိုပြီးစိတ်ချရပါတယ်။
 The Voice Weekly
ပုပ္ပားတောင်ပြီးရင် မြန်မာနိုင်ငံမှာ မျောက်များပျော်မွေ့တဲ့ တောင်ကတော့ ဖိုလ်ဝင်တောင်ပါ။ မျောက်ကောင်ရေ ၉၀၀ ကျော်ရှိတဲ့အတွက် မျောက်စာရောင်းသူ များတောင် အဖွဲ့ ၂၆ ဖွဲ့ ဖွဲ့ထားရပါတယ်။ ကားတစ်စီးဆိုက်ရင် ငါးဦးပဲ မျောက်စာရောင်းရတာပါ။ ရွှေဘတောင်လိုပဲ ဖိုလ်ဝင်တောင်မှာလည်း ကျောက်သားတွေကို ထွင်းထုထားတဲ့ ဂူဘုရားတွေ အများအပြား တွေ့နိုင်ပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အသွားများတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။
မုံရွာမြို့နဲ့ ၃ မိုင်လောက်အကွာမှာ ရှိတဲ့ မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးမှာ ဘုရားဆင်းတုတော်ပေါင်း ငါးသိန်းကျော်ကို ဘုရားအပြင်ဘက် အတွင်းဘက် နံရံတွေမှာ ဗိသုကာ လက်ရာမြောက်စွာ တည်ထားခဲ့တာပါ။ စေတီတော်ကြီး တည်ထားခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပါပြီ။

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma