Showing posts with label Monywa. Show all posts
မုံရွာမြို့ ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားသမိုင်း
Posted by သတင်းစုံပျော်ဝင်အိုးကြီး on Saturday, March 1, 2014
Saturday, March 1, 2014
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ သမ္ဗုဒ္ဓေ စေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် (ခရာဇ်နှစ် ၁၉၃၈ခုနှစ်) ဒုတိယ၀ါဆိုလဆန်း (၅)ရက်နေ့ ကြာသပတေးနေတွင် မိုးညှင်းဆရာတော်ကြိး ကိုယ်တိုင်
ရွှေအုတ်ချပ်ကိုင်ကာ အုတ်မြစ်ချ တည်ထားသည်။
မိုးညှင်းဆရာတော်ကြီးပင် ပုံစံပေးကြီးမှူး၍ ပြသသည်။ လက်တွေ့ ပုံဖော် တည်ဆောက်သူ ဗိသုကာ ပညာရှင် မှာ အမြင့် မြို့  မှ ဆရာဟံကြီး ဖြစ်သည်။တည်ဆောက်ကာလ ဆယ်နှစ်ကြာသည်။
စေတီတော်ကြီး အတိုင်းအတာများ
"ဥသြဥ ဟုခေါ် ဘိနပ်တော် "အရ ဘိနပ်ခုံတော် စတုရန်း ၁၁၁ တောင်စီ ရှိသည်။" ညဏ်တော် ရန်ရှား သမ္ဗုဒ္ဓေ ဘုရား "အရ အရပ်မြင့်တော် ညဏ်တော် ဘိနပ်ခုံတော်မှအထိ ၈၈ တောင် ရှိသည်။ ထိုစေတီနှင့် ဆက်လျှက် ၇ှိ စောင်းတန်းတော် မှာ (တဇောင်း)အလျှား ဘိုးတော်အရ အလျှား ၅၇ တောင် ရှိ၍ နံတော်ကြီးအရ အနံ ၅၇ တောင် ရှိသည်။ မြင့်စိန်သီး အရ အရပ်အမြင့် ၃၆ တောင်ရှိသည်။ ဆက်စပ်လျှက်ရှိသော အာရုံခံကြီးမှာ ဦးအေးအောင် အရ အလျှား ၁၁၁ တောင်ရှိသည်။ အနံမှာ မြကြီး အရ အနံ ၅၂ တောင်ရှိသည်။ မြင့်စိန်သီးအရ အရပ်အမြင့် ၃၆ တောင်ရှိသည်။
စေတီရံများ
စေတီတော်ကြီး နှင့် တကွ စောင်းတန်း အာရုံခံ တို့  အပေါ်ရှိ စေတီရံပေါင်း မှ ရှင်းသောင်းလင်း အရ ၈၆၄ ဆူရှိသည်။
ရုပ်ပွားတော်ပေါင်း
ပထမ ဂါထာ တော်အရ ရုပ်ပွားပေါင်း ၅၁၂၀၂၈ ဆူရှိရမည် ဖြစ်သော်လည်း ဒုတိယ ဂါထာ တော်အရ ဂင်္ဂါ ၀ါလုသဲစုမက ပွင့်တော်မူပြီးသော ဘုရား ရှင်တို့ ကို ရည်စူးပိုထား ပါသည်။ ထို့ ကြောင့် မြရွှေငွေ စိန်သီးဆောင်း ရုပ်ပွားပေါင်း အရ ရုပ်ပွားတော် ပေါင်းမှ အတွင်းအပြင် ၅၈၂၃၆၃ ဆူရှိသည်။
ခန်းငတ်မှတ်ကြ အားကြီးလှ ကြီးပ ရှင်တော်သာ အရ အခန်းငယ်ပေါင်း ၁၂၄ ခန်းရှိပြီး အခန်းကြီး ၈၀ ရှိပါသည်။
တံခါးပေါက်များ
လေးဆယ် နှင့် နှစ် တံခါးလှစ် တက် ဖြစ်သည်မှာ နှစ်ဆယ့် နှစ်သာ အရ တံခါးပေါက် တက်ရန် ဆင်းရန် တံခါးပေါက် ၂၂ ပေါက် ရှိ၍ ရိုးရိုးတံခါးပေါက် ၂၀ရှိသည်။
နှစ်စဉ် ပွဲတော်
မြန်မာ သက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် စေတီတော်ကြီး ရွှေချပြီး အထိ အလုံးစံ ပြီးစီးအောင်မြင့်သည်။ ထို နှစ်တန်ဆောင်မုန်းလပြည့် နေ့ တွင် အထူးအနေကဇာတင်ပွဲ ပြုလုပ်ပူဇော်ကြသည်။ ဈေးပွဲ ဇတ်ပွဲ ဆွမ်းလောင်းပွဲ ပျော်ပွဲ ရွှင်ပွဲ တွေ စုံလင်စွာဖြင့် ပွဲတော်ကြီး အဖြစ်ကျင်းပသည်။ ထိုနှစ်မှ စ၍ နှစ်စဉ် ထိုရက်များတွင် ပွဲတော်ကြီး အဖြစ်ကျင်းပသည်မှာ ယခုတိုင် ဖြစ်သည်။
credit to sambuddhe.org
မေတ္တာဖြင့်စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
မုံရွာဗောဓိ တစ်ထောင်ဘုရား
Posted by VC on Saturday, February 8, 2014
မုံရွာ
Posted by Anonymous on Sunday, October 13, 2013
The Voice Weekly
The Voice Weekly
The Voice Weekly
The Voice Weekly
The Voice Weekly
The Voice Weekly
မန္တလေး
- စစ်ကိုင်းက လာမယ်ဆိုရင် မုံရွာမရောက်ခင်မှာ ကမ္ဘာ့အမြင့်မားဆုံး
ရပ်တော်မူ ဗောဓိတစ်ထောင် ဘုရားကြီးကို ဖူးတွေ့ရမှာပါ။ ဗောဓိတစ်ထောင်
ဆရာတော်ဘုရားကြီးက ၁၉၉၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၁၂နှစ်ကြာ တည်ဆောက်
ခဲ့ပါတယ်။ ဉာဏ်တော်အမြင့် ပေပေါင်း ၄၂၄ ပေမြင့်မားပြီး ယခင်က ဂျပန်နိုင်ငံ
“ယူရှီကူအမိဒ” ရပ်တော်မူဘုရားကြီးက ဉာဏ်တော်အမြင့်ပေ ၃၉၃ ပေ ၉ လက်မနဲ့
ကမ္ဘာ့စံချိန် တင်ခဲ့ကြောင်းကို ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးရဲ့
ဘဝမှတ်တမ်း စာအုပ်မှာ ဖော်ပြထားပါတယ်။
တောသူဌေးကြီး
ဦးရွှေဘနဲ့ တပည့်တပန်းတွေက သဘာဝကျောက်တုံးကြီး တွေကို ခက်ခက်ခဲခဲ
ထွင်းထုပြီး ရုပ်ပွားတော်တွေ၊ မဏ္ဍပ်တွေ၊ မီးဖိုဆောင်၊ သောက်ရေအိုးစင်၊
ဇရပ်ပါမကျန် တောင်တစ်ခုလုံး ထွင်းထုခဲ့တာပါ။ အညာဒေသရဲ့ ရောမမြို့တော်ကို
ရောက်သွားသလား အောက်မေ့ရပါတယ်။
မြို့ထဲကိုဘယ်လမ်းကပဲ
ဝင်ဝင် လူသုံးယောက်ဖက်ရတဲ့ တမာပင်တန်းကြီး တွေက ဒီမြို့မှာပဲ ရှိတယ်လို့
မုံရွာသူ မုံရွာသားတွေက ဂုဏ်ယူပြီး ပြောရလောက်အောင် ပါပဲ။ မုံရွာမြို့ရဲ့
အဓိက လမ်းမကြီးတွေ တစ်ဖက်တစ်ချက်မှာ တမာပင်တန်းကြီးကို တစ်မျှော်တစ်ခေါ်
တွေ့ရမှာပါ။
မုံရွာမြို့ထဲကို ဘယ်လမ်းကပဲဝင်ဝင် မြင်တွေ့နိုင်တဲ့
မြင်ကွင်းပါ။ မြို့ထဲကိုဝင်တဲ့ လမ်းမကြီးတွေရဲ့ ဘေးမှာ ထနောင်းပင်တန်းတွေ၊
အညာဒေသ တမာပင်တန်း တွေက အညာဒေသ မြို့တစ်မြို့ရဲ့ ပုံရိပ်ကို
ပေါ်လွင်စေပါတယ်။
The Voice Weekly
မြန်မာလက်မှုအနုပညာ
ယွန်းထည်လုပ်ငန်းကို လေ့လာချင်တာပဲ ဖြစ်ဖြစ်၊ ယွန်းထည်ပစ္စည်း တွေကို
ဝယ်ချင်တာပဲဖြစ်ဖြစ် ရွှေဂူနီဘုရားကြီး ဈေးတန်းမှာ လေ့လာဝယ်ယူလို့
ရနိုင်ပါတယ်။ ကျောက္ကာယွန်းထည် တွေကို ပုဂံအထိ ပို့ပြီး ရောင်းရတယ်လို့လည်း
ဒေသခံတွေက ဆိုပါသေးတယ်။
မုံရွာမှာ
ဆိုက်ကားနင်းတဲ့ ဆိုက်ကားဆရာတွေ ကတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်
တွေကို မျှော်နေပါတယ်။ ဆိုက်ကားကို ဇိမ်ကျကျ စီးရတဲ့အပြင် သူတို့က
သုံးရက်စာလောက် ပိုက်ဆံ ပေးသွားတတ်ပါသေးတယ်။
စောင်းတန်းတစ်လျှောက်မှာ
ဗောဓိတစ်ထောင် ဒေသထွက် သနပ်ခါး၊ ကျောက်ပြင်၊ ဓားသွေးကျောက် တွေနဲ့
ငရုတ်ဆုံ မျိုးစုံကိုလည်း ဝယ်လို့ရပါတယ်။ တခြားဒေသ တွေထက် ဒီနေရာမှာ
သနပ်ခါးဝယ်တာ ပိုပြီးစိတ်ချရပါတယ်။
ပုပ္ပားတောင်ပြီးရင်
မြန်မာနိုင်ငံမှာ မျောက်များပျော်မွေ့တဲ့ တောင်ကတော့ ဖိုလ်ဝင်တောင်ပါ။
မျောက်ကောင်ရေ ၉၀၀ ကျော်ရှိတဲ့အတွက် မျောက်စာရောင်းသူ များတောင် အဖွဲ့ ၂၆
ဖွဲ့ ဖွဲ့ထားရပါတယ်။ ကားတစ်စီးဆိုက်ရင် ငါးဦးပဲ မျောက်စာရောင်းရတာပါ။
ရွှေဘတောင်လိုပဲ ဖိုလ်ဝင်တောင်မှာလည်း ကျောက်သားတွေကို ထွင်းထုထားတဲ့
ဂူဘုရားတွေ အများအပြား တွေ့နိုင်ပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ
အသွားများတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။
မုံရွာမြို့နဲ့
၃ မိုင်လောက်အကွာမှာ ရှိတဲ့ မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးမှာ
ဘုရားဆင်းတုတော်ပေါင်း ငါးသိန်းကျော်ကို ဘုရားအပြင်ဘက် အတွင်းဘက်
နံရံတွေမှာ ဗိသုကာ လက်ရာမြောက်စွာ တည်ထားခဲ့တာပါ။ စေတီတော်ကြီး တည်ထားခဲ့တာ
နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပါပြီ။
Monywa
Posted by Unknown on Tuesday, June 4, 2013
မုံရွာမြို့ တောရအုတ်ကျောင်းကြီး
Posted by Anonymous on Saturday, March 30, 2013
Filed within
Monywa
MyVillage(မကျဉ်းပင်တစ်ထောင်)
Posted by Anonymous on Monday, March 18, 2013














































