Cave Latest Post Shan,
ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများ ပြည့်စုံနေသည့် စွမ်ဟိန်းဂူ (ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော် ဆီသို့ ......
Posted by သတင်းစုံပျော်ဝင်အိုးကြီး
Published on Wednesday, February 19, 2014

ခရီးသွားများမှာ မိုင်းဖြတ်ဆိုသည့် အတိုင်း ဖြတ်သွားဖြတ်လာဖြင့်သာ တည်ရှိနေသည့် မြို့ကလေးသာ ဖြစ်ပါသည်။ ယခုအခါ မိုင်းဖြတ်မြို့မှတဆင့် မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း ၁၆ မိုင်ခန့်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် ၅ မိုင်ခန့်ဆက်လက် သွားရောက်ပါက ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများနှင့် ပြည့်စုံကာ ခရီးသွားပြည်သူများ နဲ့ နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားဖွယ်ဆွဲဆောင်နေသည့် စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးကို တွေ့ရှိရမည်ဖြစ်ပါသည်။
ရလောက်အောင် တည်ရှိနေသည်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြရလျှင်- သာသနာသက္ကရာဇ် ၁၄၄၀ကျော်ခန့်က တရုတ်နိုင်ငံ ၀ိသေဟိုင်းပြည်မှ ကျေးဟုန်နိုင်ငံ ( ရှမ်းနိုင်ငံ)ကို ကျူးကျော် ၀င်ရောက်လာသောအခါ ကျေးဟုန် နိုင်ငံဘုရင် အာလ၀ီမင်းကြီးက တိုင်းပြည်မှ မဆုတ်ခွာမီ ဂူကြီး တစ်ဂူ၌ လာရောက်ပုန်းအောင်နေထိုင်ရန် အိပ်မက်တော် မြင်မက်သဖြင့် မူးကြီး မတ်ရာများအား မေးမြန်းရှာဖွေစေပြီး၊ မင်းကြီးမြင်မက်သည့် ဂူကြီးတစ်ဂူကို မူးကြီးမတ်ရာများ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ ဂူအတွင်း၌ ရှောင်တိမ်းနေထိုင်ခဲ့ကြောင်း သိရသည်။ လုံခြုံမှု မရှိနိုင်သဖြင့် နမ့်ခေါင်(မဲခေါင်မြစ်)ဘက်သို့ ဆင်းလာပြီး ကျိုင်းလပ်တွင် ခေတ္တစခန်းချကာ လန်းခ(လာအို)နှင့် လန်းနား (ကျင်းဟိုင်း)တို့တွင် ခိုလုံမည်ဆိုပါကလည်း နိုင်ငံရေး တည်ငြိမ်မှုမရှိသဖြင့် ပါလျှိုးမှ တဆင့် လွယ်တော်ခမ်း တောင်ဘက်သို့ ပြန်တက်လာခဲ့ရာ မိုင်းလင်းကျောင်းရှိ သာသနာ့မြေ သိမ်တော်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အာလ၀ီမင်းကြီး၏ မိဖုရားကြီးသည် စွမ်ကြန့်အမည်တွင်သော သားတော်တစ်ပါး ဖွားမြင်၍ အဆိုပါနေရာတွင် စွမ်ကြန့်စေတီ တည်ထားခဲ့ကြောင်း သိရသည်။
နယ်မြေအေးချမ်းတည်ငြိမ်သည့်အခါ ပထမ ခိုလုံခဲ့သော လိုဏ်ဂူအတွင်း ပြန်လည်နေထိုင်ကာ
ဝိသေဟဘုရင်၏ ငြိမ်းချမ်းရေးဆင့်ဆိုမှုကြောင့် ကျေးဟုန် နိုင်ငံသို့ မပြန်မီ ပါလာသော ရတနာပစ္စည်းများကို မြှပ်နှံထားခဲ့ကြောင်း သိရှိရပြီး လိုဏ်ဂူတော်ကြီး၏ သမိုင်း စတင်ခဲ့ကြောင်း ဒေသနေပြည်သူများက ယုံကြည် လျက်ရှိသည်။
နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး စစ်မက်ရေးရာများ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားပါက ရတနာ ပစ္စည်းများကို အခြားတိုင်းပြည်များသို့ ပါမသွားစေရန် ဂူအတွင်း မြှပ်နှံထားပါဟု အိပ်မက်မြင်မက်ခဲ့ကြောင်း၊ ထိုမြင်မက်ခဲ့သည့် ဂူတစ်ဂူကို ရှာဖွေခဲ့ရာ မိုင်းယောင်းဘုရင်မြင်မက်ခဲ့သည့် ဂူကြီးပင်ဖြစ်နေကြောင်း သိရသည်။ ထို့အတူ ကျိုင်းတုံဘုရင်ကျောက်ဖကျိုင်းအွမ်မင်းကြီးလည်း လိုဏ်ဂူကြီးအား အိပ်မက်မြင်မက်ခဲ့ကြောင်း ယုံကြည်လျက်ရှိပေသည်။
ရှိသဖြင့် ၀ါးရုံဂူဟူ၍လည်းကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကာလက ထမ်ဘုတ်ဂူ၏ အရှေ့မြောက်ဘက်၌ မိုင်းဟစ်(မိုင်းဟိ)မြို့ပြနိုင်ငံငယ် ပေါ်ပေါက်ခဲ့ရာမှ မိုင်းဟိဂူဟူ၍လည်းကောင်း ခေါ်ထွင်ခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်တွင် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ သည် မိုင်းယောင်းမြို့သို့ မကြွမီ ညတွင် ပုဂ္ဂိုလ်(၃)ဦးက ပန်းကုံး၊ ဖယောင်းတိုင်တို့ဖြင့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပေါ်ရှိ မိမိတို့မြို့အား လမ်းကြုံလျှင် ၀င်ခဲ့ပေးရန် ဖိတ်ကြားပြီး၊ ဆရာတော်ဘုရားကလည်း အကြောင်းညီညွတ်မည်ဆိုပါက ၀င်ခဲ့မည်ဟုဆိုကာ ပန်းကုံးများလက်ခံခဲ့ကြောင်း၊ သို့သော်လည်း မြို့အမည်ကို မမေးဖြစ်ခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့သည်။
ဆရာတော်ဘုရားသည် မိုင်းလင်းမှ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များသို့ ခရီးထွက်ခဲ့ရာ မိုင်းဖြတ်မြို့တွင်
ခေတ္တခဏနားစဉ် တပည့်တကာများအား လမ်းခုလတ်၌ မြို့ရှိသေးလားဟု မေးမြန်းခဲ့ရာ မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည် ဆိုပါသည်။ ထိုစဉ် ဆရာတော်သည် မိုင်းယောင်းမြို့တွင် သီတင်းသုံးခဲ့စဉ် ညအခါ၌ အဆိုပါ ပုဂ္ဂိုလ်(၃)ဦးကပင် ပန်းကုံးများဖြင့် ဆက်ကပ်ကာ ၄င်းတို့၏မြို့အား အပြန်လမ်းခရီးတွင် ၀င်ခဲ့ရန် ထပ်မံဖိတ်ကြားခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့ပြန်ပါသည်။ အပြန်လမ်းခရီးတွင် တပည့်ဒကာများအား လမ်းခုလတ်တွင် မြို့ရှိသေးလားဟု မေးမြန်းရာ မရှိကြောင်း လျှောက်တင်ခဲ့သဖြင့် မိုင်းလင်းကျောင်းသို့သာ ပြန်ကြွခဲ့ကြောင်း မိန့်ကြားပါသည်။
အပြန်ပါ အထက်ပါအတိုင်း အိပ်မက်မြင်မက်သော်လည်း မ၀င်ဖြစ်ခဲ့ပေ။ ၂၀၀၈ခုနှစ်အရောက်တွင်လည်း
ကျိုင်းတုံမြို့သို့သွားရောက်စဉ် အိပ်မက်မြင်မက်ခဲ့ပြန်သည်။ ၂၀၀၉ခုနှစ်တွင် ဆရာတော်ဘုရား မိုင်းယန်း၊
မိုင်းခတ်ခရီးစဉ်၌လည်း အသွားရော အပြန်ခရီးတွင် အိပ်မက်မြင်မက်သဖြင့် အပြန်ခရီးတွင် မိုင်းဖြတ်၌
ခဏနားစဉ် ဘုရားဒကာ၊ ပန်းဒကာတို့အား မိုင်းဖြတ်နှင့်မိုင်းယောင်းကြားတွင် လက်ရှိမြို့မဟုတ်ဘဲ ယခင်က မြို့ဟောင်းအမည်တွင်သည့် မြို့ရွာများရှိလေသလားဟု မေးမြန်းရာ မိုင်းဟိဟုသော မြို့ဟောင်းရှိခဲ့ပြီး၊ ယခုအခါ ကျေးရွာအဆင့်သာ ရှိနေကြောင်း သိရသဖြင့် ဆရာတော်သည် ကားဖြင့်သွားရောက်ခဲ့သည် ဆိုပါသည်။
ဆရာတော်သည် မိုင်းဟိရွာအနီးရှိ ဂူ သို့ သွားရောက်ခဲ့ပြီး ဂူပေါက်ဝတွင် အဓိဋ္ဌာန်ပြုကာ ဂူဝကျောက်
နံရံအား ညာလက်ဖြင့် ပုတ်လိုက်ရာ တစ်ကိုယ်လုံး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဘူး၊ မကြုံဘူးသော ကြက်သီးမွေးညင်း များ ထခဲ့ကြောင်း မိန့်ကြားပါသည်။ ဆရာတော်ဘုရားသည် ဂူအတွင်း၌ ညပိုင်းသီတင်းသုံးကာ တရားထိုင်ခဲ့ ပါသည်။ တရားထိုင်စဉ် အိုးစည်ဗုံမောင်းတီးကာ ရွှေဝေါယာဉ်ဖြင့် ၎င်းတို့၏ နန်းတော်အတွင်းသို့ ကြွရောက် ပေးရန် ပင့်ဆောင်၍၊ ပင့်ဆောင်ထားခဲ့သည်မှာ (၃)နှစ်မျှ ကြာပြီးမှသာ ကြွတော်မူသဖြင့် စောင့်ရသည်မှာ မောလှပြီဖြစ်ကြောင်း၊ ထိုစဉ်မှသာ အိပ်မက်ထဲတွင် မြင်မက်ခဲ့သည့် ပုဂ္ဂိုလ်များသည် လူမဟုတ်ဘဲ နတ်များဖြစ် နေသည်ဟု ဆရာတော်က မိန့်ကြားတော်မူပါသည်။
ဆရာတော်မှ မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အစောင့်မင်းများ၊ နဂါးမင်းများစောင့်နေသည့် ဂူဖြစ်ခြင်း၊ တရားကျင့်၍ ရဟန္တာဖြစ်ကာ ပျံလွန်
တော်မူခဲ့သည့် ဂူဖြစ်ခြင်း၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနှင့် ရသေ့များ တရားကျင့်ကာ သီတင်းသုံးတော်မူခဲ့သည့် ဂူဖြစ်ခြင်းတို့ကြောင့် ( စွမ်=မုနိချွန်၊ မြင့်မြတ်မှု၊ ဟိန်း=ကျော်ကြား၊ခန်းနား၊ထိန်လင်းခြင်း)မြင့်မြတ်ကျော်ကြားသော ပုဂ္ဂိုလ်များ အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် နေထိုင်ခဲ့သည်ဟူသော အဓိပ္ပါယ်တို့ဖြင့် စွမ်ဟိန်းဂူ ဟူ၍ လည်းကောင်း၊ ဂမ္ဘီရ ရသေ့ကြီး တရားကျင့်ကြံအားထုတ်ခဲ့ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ၈၄၀၀၀ တည်ထားကိုးကွယ်ရန် ရည်သန်ထားသည့်အတွက် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်(ခေါ်) စွမ်ဟိန်းဂူ ဟု အမည်နာမခေါ်ထွင်ခဲ့စေကြောင်း မိုင်းလင်းဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့သည်ကို
မှတ်သားသိရှိရသည်။
ဖော်ပြပါ ထူးခြားချက်များသာမက ရဟန္တာ(၁၆)ပါး တရားကျင့်ကြံအားထုတ်ရင်း ပျံလွန်တော်မူခဲ့ကြောင်း၊
ပျံလွန်တော်မူသွားခဲ့သော ရဟန္တာ(၁၆)ပါးအနက်မှ (၄)ပါး၏ ဓာတ်တော်များ ရရှိပြီးဖြစ်ကြောင်း၊ လိုဏ်ဂူတော် အတွင်း မိုင်းတင်း၊ လန်းဆတ်၊ နမ့်နန်းတို့မှ စီးဆင်းလာသော ချောင်းရေအားလုံးတို့သည် ဖြတ်သန်းစီးဆင်းကာ မိုင်းယောင်းမြို့သို့ စီးဝင်ရောက်ရှိကြောင်းသိရသည်။ ထို့အပြင် လမ်းကြောင်းလေးကြောင့်ပွင့်ပြီး ပထမလမ်းကြောင်းသည် ကျိုင်းတုံ ထမ့်ဖာတ သို့လည်းကောင်း၊ မိုင်းယောင်းဂူသို့လည်းကောင်း၊ ထမ့်လုံဂူသို့လည်းကောင်း၊ ထမ်ကျင့်လောင် ဂူသို့လည်းကောင်း ပေါက်ကြောင်း မိုင်းလင်းဆရာတော်က မိန့်ကြားတော်မူပါသည်။ အဆိုပါ လိုဏ်ဂူတော်အတွင်း၌ ဆရာတော်သည် ၁၃၇၄ခုနှစ်နှင့် ၁၃၇၅ခုနှစ်တို့တွင် ၀ါတွင်းကာလ တရားကျင့်ကြံ အားထုတ်တော်မူခဲ့ပြီး၊
၁၃၇၆ ခုနှစ်၊ ၀ါတွင်းကာလအတွင်း ဆက်လက်တရားကျင့်ကြံအားထုတ်မည် ဖြစ်ကြောင်း
သိရသည်။
လိုဏ်ဂူတော်ကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘုရားလည်းဖူး၊ ခရီးသွားလာမှုလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားကာ လူမှုစီးပွားဘ၀ တိုးတက်လာမှာဖြစ်ပါသည်။ ယခုအခါ လိုဏ်ဂူတော်ကြီး သွားလာလွယ်ကူကောင်းမွန်စေရန် လမ်းအကျယ်ပေ(၃၀)ဖောက်လုပ်ခြင်း၊ ဂူအတွင်း အပြင် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ခြင်း၊ လိုဏ်ဂူတော်အတွင်း အပြင် သဘာဝအရင်းအမြစ်များ မူလအတိုင်း မပျောက်ပျက်ဘဲ ပြင်ဆင်ဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အပြင်ဘက်တွင် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရှိ တောတောင်စိမ့်စမ်းများကိုလည်း စိန်းလန်းစိုပြေ သာယာလှပကာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားရှိခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့က မိုင်းဖုန်းဆရာတော် ဘုရားကြီးနှင့် မိုင်းလင်းဆရာတော် ဘုရားကြီးတို့၏ လိုဏ်ဂူအတွင်းအပြင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆန္ဒပြည့် စေလိုသည့်အတွက် အလှူခံမဏ္ဍပ်များဖွင့်လှစ် အလှူခံခြင်း၊ ရပ်ဝေးရပ်နီးရှိ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်စေရန်လည်း အင်တာနက်၊ သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာထည့်သွင်း အလှူခံခြင်း ဆောင်ရွက်လျက်ရှိပေသည်။
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုဏ်ဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုပြင် တည်ဆောက်ရာတွင်လည်း မူလသဘာဝ အရင်းအမြစ်များ မပျက်စီးစေဘဲ စီစဉ် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့်အတိုင်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများက ဆောင်ရွက်လျက်ရှိပါကြောင်း ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ရှမ်းအရှေ့မှ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်ကြီး အကြောင်းကို ရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါး။ ။ ဝေယံလင်း(မိုင်းဖြတ်)
ကိုးကား -
မိုင်းလင်းဆရာတော်ဘုရား၏ ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးသမိုင်းစာအုပ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
0 comments
Readers Comments