Welcome Guest!
twitter facebook rss

,

ဗန်းမောက်မြို့နယ် ကိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နှစ်တစ်ရာကျော် စေတီဟောင်းကြီး ပြုပြင်ရန်လိုအပ်


မြန်မာ့အလင်း ထင်သာမြင်သာပြုပြင်စရာ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကိုင်းကြီးကျေးရွာသည် မဲဇာမြစ်အနီးတွင် တည်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သလို ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာလည်းဖြစ်သည်။ ကျေးရွာအတွင်း လူနေအိမ်ခြေ ၁၆၄ အိမ်ရှိပြီး မူလတန်းလွန်ကျောင်း တစ်ကျောင်းရှိသည်။ ကျေးရွာရှိ ဒေသခံပြည်သူများသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ ကျေးရွာဘုန်းတော် ကြီးကျောင်းဝင်းအတွင်းတွင် ရှေးနှစ်ပေါင်း ၁ဝဝ ကျော်ခန့်ကဟု ခန့်မှန်းရသော ရှေးဟောင်းစေတီကြီးတစ်ဆူမှာ ယိုယွင်းပျက်စီးလျက်ရှိနေသည်။ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းစေတီကြီးကို ပြန်လည်ပြုပြင်ဆောင် ရွက်ရန်အတွက် အလှူရှင်များ ပေါ်ပေါက်လာရေးကို မျှော်လင့်လျက်ရှိကြောင်း သိရသည်။

''စေတီကြီးကတော့ ရှေးနှစ်ပေါင်း ၁ဝဝ ကျော် ၂ဝဝ ဝန်းကျင်ခန့်က စေတီဟောင်းကြီးပါ။ စေတီကြီးပတ်လည်မှာ သက်တမ်းခုနှစ်တွေရှာကြည့်တယ် ရှာမတွေ့ဘူး။ စေတီကြီးက နှစ်ကြာလာပြီဖြစ်လို့ ယိုယွင်းပျက်စီးလာပြီ။ ပြုပြင်ဆောင်ရွက်ခြင်းမရှိရင် တောင်ပို့ပကတိလို ဖြစ်လာတော့မှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့က စေတီဟောင်းကြီးကို ပြုပြင်ဖို့ရာ အလှူရှင်တွေ ပေါ်လာပြီဆိုရင်လည်း ပြန်လည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဗန်းမောက်မြို့နယ် ကိုင်းကြီး ကျေးရွာမှ ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးထွန်းညိုက ပြောကြားခဲ့သည်။

ကျေးရွာအတွင်းရှိသော စေတီဟောင်းကြီးသည် ယခုအခါတွင် ယိုယွင်းပျက်စီးလျက် ရှိသော်လည်း အလှူရှင်များ ပေါ်ပေါက်လာခြင်းမရှိ သေးသည့်အတွက်ကြောင့် ဒေသခံပြည်သူများက အလှူရှင်များကို မျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။ လေပွေနီ(အင်းတော်)

0 comments

Readers Comments

City Life Burma

Featured Video

City Life Burma

City Life Burma