Latest Post Mandalay Mt.Popa,
ပုပ္ပါးတောင်
Posted by VC
Published on Thursday, December 12, 2013
Sirkyaw Winnswe
၂၆ ရက် မနက် နိုင်ငံကျော် နှစ်ကျပ်ခွဲရွာအ၀င် လက်ပံပင်ကြီးအနား ဝေဒနာတွေရှိနေတဲ့ ကမ္ဘာကျော် ပုပ္ပါးတောင်ရဲ့ ၀ိုးတ၀ါးအလှကို zoom ဆွဲပြီး ရိုက်ခဲ့တယ်။
ပုပ္ပါးတောင် အရှေ့စောင်းဆီက ချော်ရည်ပူတွေ ပွင့်အံတဲ့ ဘက်ကို ခပ်စောင်းစောင်း လှမ်းမြင်နေရတယ်။ zoom ဆွဲပြီး ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရနိုင်တယ်။ စိမ်းညို့တဲ့ စိုက်ခင်း နဲ့ ခင်တန်းနောက်ဆီက ပြာလဲ့တဲ့ ပုပ္ပါးတောင်ပေါ်မှာ သစ်တောကျိုးတိုးကျဲတဲ မြင်ရသလား။ သစ်ပင်စိုက်ဖို့ ခက်ခဲတဲ့ နေရာလေးပေါ့။ ကျေးလက်ဂေဟနဲ့ သဘာဝတောင်ရဲ့ အလှကို တွေ့မြင်ခံစားရတယ်
ပုဂံ အာနန္ဒာဘုရားကြီးရဲ့ တောင်ဘက်မုခ်မတ်ရပ်ကိုယ်တော်ကြီး ပုဂံခေတ်ဦးပိုင်း လက်ရာမွန်၊ မြန်မာဟန် အငွေ့အသက် သိပ်မပါသေးဘူး။ မဇ္ဈိမဟန် လွှမ်းနေတယ်။ မြန်မာနိုင်ငံကို ထေရ၀ါဒ ဗုဒ္ဓ ဒုတိယအကြိမ် စ ရောက်ချိန်ပေါ့။ မြန်မာ့ ဗိသုကာ ယဉ်ကျေးမှု အံ့မခန်း တိုးတက်ခဲ့ချိန်၊ ရာဇ၀င်ထဲက ပြည်ချစ် ကျန်စစ်မင်းကြီး လက်ထက် ကျောင်း ကန် ဘုရား စေတီ ပုထိုး တွေးမရအောင် သာယာဝပြော တိုးတက်ခဲ့ချိန် ဖြစ်မှာပါ။ ဘ၀အဆက်ဆက် လွမ်းလှဘိတောင်း။
နတ်ကန်လည်ရွာအသွား ကားလမ်း နှင့် ထောင့်မှန်ကျ တည်ရှိတဲ့ ပုပ္ပါးတောင်
0 comments
Readers Comments